Netflix နဲ့ Streaming service တွေခေတ်စားလာတဲ့အခါမှ ပိတ်သိမ်းရတော့မယ့် ရုပ်ရှင်ရုံဟောင်းကြီး Royal Alamo Cinemaနဲံ့ ရုပ်ရှင်ရုံယဉ်ကျေးမှု နောက်ဆုံးနိဂုံး၊ ပတ်ဝန်းကျင်က အပယ်ခံလူငယ်တွေနဲ့ ရုပ်ရှင်တွေအကြောင်းကိုသေချာရိုက်ပြထားပြီး GTA V နဲ့ Walking dead, Better call Saul တို့ထဲက လူကြမ်းမင်းသားကြီး Steven Ogg က ရုံပိုင်ကြီးအဖြစ်ပါဝင်ထားပါတယ်ရာစုနှစ်တစ်ခုနီးပါး သမိုင်းကြောင်းရှိခဲ့ပေမဲ့ အချိန်ကာလရဲ့ခေတ်ရေစီးကြောင်းရဲ့ တိုက်စားမှုကြောင့် နောက်ဆုံးပိတ်သိမ်းရတော့မယ့် Royal Alamo Cinema ရုပ်ရှင်ရုံကြီးရဲ့ နောက်ဆုံးဖွင့်လှစ်တဲ့ နေ့တစ်နေ့ဆီကနေ စတင်ထားပါတယ်။ အဲ့ဒီနေ့မှာပဲ ရုံပိတ်လိုက်ရင် အလုပ်လက်မဲ့ ဖြစ်တော့မယ့် ရုပ်ရှင်ရုံ ဝန်ထမ်းတွေ၊ မထင်မှတ်ဘဲ ရုပ်ရှင်ရုံဆီ ရောက်ရှိလာကြတဲ့ လူမှုအသိုင်းအဝိုင်းက အပယ်ခံ လူတွေနဲ့ ဘဝမှာ လမ်းပျောက်နေသူတွေရဲ့ ဇာတ်လမ်းတွေ တစ်ခုနဲ့တစ်ခု ဆှက်နွယ်လာပါတော့တယ်။ သူတို့တစ်ယောက်စီရဲ့ ငြင်းပယ်ခံရမှု အတိတ်တွေ၊ မပြည့်ဝခဲ့တဲ့ အိပ်မက်တွေနဲ့ နောင်တတွေကို ရုပ်ရှင်ရုံမှာ ဖော်ထုတ်ကြရင်း... သူတို့ရဲ့ ကံကြမ္မာတွေ ဘယ်လို ပြောင်းလဲသွားမလဲဆိုတာကို ရုပ်ရှင်အငွေ့အသက် အပြည့်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။