New Turn FHD

New Turn

Drama FHD 2021

တစ်ခါတလေ ဘဝမှာ လမ်းပျောက်နေတယ်လို့ ခံစားရတဲ့အချိန်တွေ၊ အတိတ်က အဖြစ်အပျက်တွေကြောင့် ရှေ့ဆက်ဖို့ ခက်ခဲနေတဲ့အချိန်တွေ ရှိတတ်ပါတယ်… အဲဒီလိုအချိန်မျိုးမှာ ကိုယ်မရင်းနှီးသေးတဲ့ နေရာတစ်ခုကို ခရီးထွက်သွားခြင်းက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိစေမဲ့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်…မတူညီတဲ့ နောက်ခံအကြောင်းအရင်းတွေနဲ့ ခရီးစတင်ခဲ့ကြတဲ့ လူလေးယောက်၊ မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ကြတဲ့ ခရီးသွားဖော်တွေ၊ လမ်းတစ်လျှောက် ကြုံတွေ့လာရတဲ့ အဖြစ်အပျက်တွေနဲ့အတူ သူတို့ရဲ့ဘဝတွေ ဘယ်လိုပြောင်းလဲသွားကြမလဲဆိုတာပုံဖော်ထားတဲ့ ဟောင်ကောင်-ထိုင်ဝမ် အငွေ့အသက်ပါဝင်တဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဟောင်ကောင်သူမလေး အားလန်ဟာ ရုပ်ရည်ချင်းတူတဲ့ ထိုင်ဝမ်က မိန်းကလေးတစ်ယောက်ကို တီဗီမှာ မြင်တွေ့ခဲ့ရာကနေ ကိုယ့်မိသားစုအကြောင်း ရှာဖွေချင်စိတ် ဖြစ်လာခဲ့ပါတယ်…ဒါကြောင့် ထိုင်ဝမ်ကျွန်းပတ်ခရီးစဉ်ကို စတင်ခဲ့ပြီး လမ်းခရီးမှာ အချစ်ရေးအဆင်မပြေမှုကြုံထားတဲ့ ချင်ထျန်း၊ ထိုင်ဝမ်လူငယ် ကျန့်ထင်နဲ့ ပေကျင်းက အနုပညာရှင် ရှောင်ကွမ်းတို့နဲ့ ဆုံတွေ့ခဲ့ပါတယ်…ဒီလိုနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဘဝမှာ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ လူလေးယောက်ဟာ ခရီးသွားဖော်တွေ ဖြစ်လာခဲ့ကြပြီး လမ်းတစ်လျှောက် အတွေ့အကြုံအသစ်တွေ၊ မိတ်ဆွေသံယောဇဉ်တွေနဲ့အတူ ကိုယ့်ရင်ထဲက အခက်အခဲတွေကို တဖြည်းဖြည်း ဖြေရှင်းနိုင်လာခဲ့ကြပါတယ်…မတူညီတဲ့ ဘဝအတွေ့အကြုံတွေကို ပိုင်ဆိုင်ထားကြတဲ့ လူလေးယောက်ရဲ့ ခရီးစဉ်မှာ ဘယ်လိုအဖြစ်အပျက်တွေ ဆက်လက်ကြုံတွေ့ရမလဲ၊ သူတို့တစ်ဦးချင်းစီရဲ့ ရင်ထဲက အခက်အခဲတွေကိုရော ဘယ်လိုကျော်ဖြတ်သွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ အားလုံးပဲ အတူတူကြည့်ရှုလိုက်ကြရအောင်နော်