Cactus Pears FHD

Cactus Pears

Drama Romance FHD 2025

ဖခင်ဖြစ်သူ ဆုံးပါးသွားလို့ မွမ်ဘိုင်းမြို့ကြီးမှာ အလုပ်လုပ်နေတဲ့ အာနန်တစ်ယောက်မွေးရပ်ဇာတိဆီကို ပြန်လာခဲ့ရပါတယ်။ ရိုးရာဓလေ့အရ ဆယ်ရက်ကြာ ဝမ်းနည်းခြင်းအခမ်းအနားတွေကို လိုက်နာရင်းကနေအသက်သုံးဆယ်ကျော်ပြီမို့ အိမ်ထောင်ပြုဖို့အရေး မိသားစုကတဖုံ ပတ်ဝန်းကျင်ကတမျိုးနားပူနားဆာ လုပ်ခံနေရတာပေါ့။ ဒါပေမဲ့ အာနန်က လိင်တူချစ်သူတယောက်ဖြစ်နေတာကို ဖွင့်ပြောဖို့ ခက်ခဲနေတာမို့ဆွေမျိုးအသိုင်းအဝိုင်းတွေကြားမှာ ဗျာများနေရပါရော။ ဒီမှာပဲ ငယ်သူငယ်ချင်း ဘာလျာနဲ့ ပြန်တွေ့ပြီး သူတို့ကြားက ဆက်ဆံရေးကတဆင့်ပြီးတဆင့် ပြောင်းလဲလာခဲ့ပါတယ်။ရိုးရာဓလေ့တွေနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ မျှော်လင့်ချက်တွေကြားမှာ သူတို့အချစ်က ဘယ်လိုဆက် ရှင်သန်မလဲ၊ ဆယ်ရက်တာ ဝမ်းနည်းခြင်းကာလ ကုန်ဆုံးသွားတဲ့အခါ ဒီသံယောဇဉ်အဆုံးသတ်သွားမှာလားဆိုတာ...။