Love and Hate FHD

Love and Hate

Romance FHD 2026

သူငယ်ချင်းတစ်ယောက် အချစ်ရေးမှာ လှည့်စားခံလိုက်ရလို့ လက်စားချေပေးခဲ့ကြတဲ့ လူငယ်တစ်စုဟာ နောက်ဆုံးမှာ သူများချစ်သူတွေကို လမ်းခွဲပေးတဲ့ လုပ်ငန်းတစ်ခု ထောင်ဖြစ်သွားကြပါတယ်။ သူများအချစ်ရေးကို ကိုင်တွယ်ပေးရင်း ကိုယ်တိုင်ချစ်မိတဲ့အခါမှာတော့ တစ်ဖက်လူရဲ့ စိတ်ရင်းကို ခန့်မှန်းရတာ သူတို့ထင်ထားသလောက် မလွယ်တော့ပါဘူး။ ဒီတစ်ခါ တင်ဆက်ပေးမယ့်ကားလေးကတော့ အချစ်နဲ့ ဟာသရောစပ်ထားတဲ့ ဟောင်ကောင်ဇာတ်ကား Love and Hate (情場如戰場) ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Patrick Kong (Yip Lim-sum) က ရိုက်ကူးထားပြီး Tsang Lok Tung၊ Carlos Chan၊ Kenneth Lai၊ Macy Ma နဲ့ Polly Lau တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >> Bo၊ Fei၊ Lok နဲ့ Mon တို့ဟာ တက္ကသိုလ်တက်ကတည်းက ခင်လာကြတဲ့ သူငယ်ချင်းတွေပါ။ တစ်ညမှာ Bo ရဲ့ မွေးနေ့အတွက် အားလုံးဆုံဖြစ်ကြရင်း သူတို့ရဲ့ အတန်းဖော်ဟောင်း Yau က ချမ်းသာတဲ့ စီးပွားရေးသမား Foo နဲ့ လက်ထပ်တော့မယ့်အကြောင်း ဝမ်းသာအားရ ပြောပြလာပါတယ်။ သူငယ်ချင်းတွေ ဝိုင်းပြီး ဂုဏ်ပြုပေးခဲ့ကြပေမယ့် သိပ်မကြာခင်မှာပဲ Yau ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့သတင်းကို Bo ကြားလိုက်ရပါတယ်။ အဲဒီတော့မှ Foo ဟာ စီးပွားရေးသမားဟန်ဆောင်ပြီး အမျိုးသမီးတွေကို လှည့်စားနေသူမှန်း သိလာကြတာပါ။ သူငယ်ချင်းအတွက် မခံမရပ်နိုင်ဖြစ်သွားတဲ့ Bo က Fei၊ Lok နဲ့ Mon တို့ကို စုစည်းပြီး Foo ကို ပြန်လှည့်စားဖို့ အစီအစဉ်ဆွဲပါတယ်။ အဲဒီအစီအစဉ် အောင်မြင်သွားတဲ့အခါ Lok က အခကြေးငွေယူပြီး စုံတွဲတွေကို လမ်းခွဲပေးမယ့် Breakup Experts လုပ်ငန်းတစ်ခု ထောင်ဖို့ အကြံပေးလာပါတယ်။ Bo နဲ့ Mon က စိတ်ဝင်စားပြီး ပါဝင်လိုက်ကြပေမယ့် Fei ကတော့ သူများအချစ်ရေးကို ဖြိုခွဲပြီး ငွေရှာတာကို လက်မခံနိုင်လို့ ငြင်းလိုက်ပါတယ်။ အဲဒီသဘောထားကွဲလွဲမှုကနေ Bo နဲ့ Fei တို့လည်း တဖြည်းဖြည်း ဝေးကွာလာကြပါတယ်။ အဲဒီအချိန်မှာပဲ Bo ဟာ အရင်က သူငယ်ချင်းတစ်ယောက်အဖြစ်ပဲ မြင်ခဲ့တဲ့ Lok ကို သဘောကျလာပြီး နောက်ဆုံးမှာ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြပါတယ်။ ဒါပေမယ့် သူများအချစ်ရေးကို အကွက်ချ စီမံတတ်တဲ့ Lok က Bo ကို တကယ်ချစ်လို့ နီးစပ်လာတာလား၊ သူ့ဆီမှာ ဖုံးထားတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိနေတာလားဆိုတာကတော့ ဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာအပိုင်း ဖြစ်လာပါတယ်။