We Were Never Here FHD

We Were Never Here

Comedy Family FHD 2026

ဒီရုပ်ရှင်လေးကတော့ သာမန် သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးဆိုတာထက် လူမှုအသိုင်းအဝိုင်းဆီကနေ ပစ်ပယ်ခံထားရပြီး ချောက်ကမ်းပါးစွန်းမှာ ရှင်သန်နေရသူတွေရဲ့ ဘဝတွေကို အနီးကပ် လေ့လာကြည့်ရှုရသလို ရှုထောင့်ကနေ ရိုက်ကူးတင်ဆက်ပြထားတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။မိမိရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ မသက်ဆိုင်ဘဲ အဓမ္မပြုခံရတဲ့ လက်ဖက်ရည်ဆိုင်က အလုပ်သမားမလေး "ယွန်းဟွာ"...အိမ်ပြေးအုပ်စုတွေကြား လှည့်လည်ကျက်စားရင်း ဝမ်းစာအတွက် ရုန်းကန်နေရတဲ့ "ဆူဂျီနဲ့ ယယ်ရီ"...အဆက်အသွယ်ပြတ်တောက်နေတဲ့ အစ်မဖြစ်သူကို လိုက်လံရှာဖွေနေတဲ့ "ဂျီဆူး"...မတူညီတဲ့ ဘဝအကျပ်အတည်းတွေကြားကနေ ကံကြမ္မာရဲ့ အမှောင်ဘက်ခြမ်းဆီ အညှာအတာမရှိ တွန်းပို့ခံလိုက်ရတဲ့ သူတို့လေးတွေရဲ့ ဇာတ်ကြောင်းအတိုင်း လိုက်ပါစီးမျောရင်း ရိုးရိုး ခြောက်လှန့်တာထက် လူမှုအဖွဲ့အစည်းရဲ့ စိမ်းကားမှုနဲ့ ဥပေက္ခာပြုမှုတွေက ပိုပြီး ကြောက်မက်ဖို့ကောင်းတယ်ဆိုတာကို ရင်ထဲစွဲကျန်အောင် ပုံဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တာမို့လို့ ခံစားကြည့်ရှုလိုက်ကြပါဦးရှင်။