In Fidelity FHD

In Fidelity

Comedy Drama FHD 2024

နယူးယောက်မှာ နေထိုင်ပြီး အနှစ် ၃၀ နီးပါး အဆင်ပြေပြေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းသင်းလာခဲ့ကြတဲ့ လင်မယားနှစ်ယောက်၊ အမျိုးသားဖြစ်သူ Lyle နဲ့ အမျိုးသမီးဖြစ်သူ Holly တို့ ရှိပါတယ်။ တစ်နေ့မှာတော့ Holly မှာ ကုလို့မရတော့တဲ့ ကင်ဆာရောဂါ ရှိနေပြီး အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုတာ သိလိုက်ရတဲ့အချိန်မှာပဲ သူတို့ဘဝကြီး ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။သေခါနီးအချိန်ကျမှ Holly တစ်ယောက် သူ့ဘဝကို ပြန်တွေးမိတယ်။ သူက တစ်သက်လုံးမှာ Lyle တစ်ယောက်တည်းနဲ့ပဲ လက်ထပ် တွဲခဲ့ဖူးတာလေ။ ဒါကြောင့် မသေခင်မှာ တခြားအချစ်အတွေ့အကြုံသစ်တွေ ကြုံဖူးချင်တယ်ဆိုပြီး လင်မယားနှစ်ယောက်ကြားက သစ္စာရှိမှုကို ခဏဘေးဖယ်ကာ "Open Marriage" လုပ်ဖို့ လင်မယားချင်း သဘောတူညီချက်တစ်ခု တောင်းဆိုလိုက်ပါတော့တယ်။ အဲဒီမှာတင် သူတို့ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ Hoyt ရောက်လာပြီး Holly နဲ့ လာရောက်ပတ်သက်လာပါတယ်။စကားအဖြစ် ပြောရာကနေ တကယ့်လက်တွေ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဖြစ်လာတဲ့အခါမှာတော့ Lyle တစ်ယောက် စိတ်ဆင်းရဲစရာတွေ ကြုံလာရတယ်။ တစ်ဖက်ကလည်း ဇနီးသည်က သေတော့မယ်၊ နောက်တစ်ဖက်ကလည်း ဇနီးဖြစ်သူ တခြားယောက်ျားနဲ့ တွဲနေတာကို ကြည့်နေရတယ်။ဒါတင်မကဘဲ Lyle မှာ တခြားခေါင်းခဲစရာတွေဖြစ်တဲ့ သမီးဆိုးလေး Greta နဲ့ သူတို့မိသားစုရဲ့ ကပ်စေးနှဲ သူငယ်ချင်းမကြီး Ethel တို့ကိုပါ တစ်ချိန်တည်း ကိုင်တွယ်နေရတော့ ဘယ်လိုမျိုး မိသားစုစည်းလုံးရေး ပြန်ကြိုးစားကြမလဲဆိုတာကို နာမည်ကျော် သရုပ်ဆောင်တွေများစွာနဲ့ ကြည့်ရှုရမဲ့ tragicomic drama တစ်ကားပဲ ဖြစ်ပါတယ်။