Downbeat FHD

Downbeat

Drama Music FHD 2026

ဇာတ်လမ်းကတော့ အတ္တလန်တာ မြို့မှာ အမှားမှားအယွင်းယွင်းတွေ ဆက်တိုက်လုပ်ပြီး ဘဝပျက်လုနီးပါးဖြစ်ခဲ့ရတဲ့ အရည်အချင်းရှိ ဗုံတီးသမား Mauro ကနေ စတင်ထားပါတယ်။ သူက ပြဿနာပေါင်းစုံနဲ့ ငွေကြေးမရှိတဲ့ ဒုက္ခတွေကနေ ထွက်ပြေးဖို့အတွက် ဘော်စတွန်မြို့မှာရှိတဲ့ သူ့ရဲ့ ညီမ Isa ရဲ့ အိမ်ကို ရုတ်တရက် ရောက်လာပြီး နေခွင့်တောင်းကာ နေပါတော့တယ်။နောက်တော့ သူက ဘဝရပ်တည်ဖို့အတွက် လမ်းဘေးမှာ ပလတ်စတစ်ပုံးတွေကို ဗုံလုပ်တီးပြီး ဖျော်ဖြေရာကနေ လူသိများလာပြီး မျှော်လင့်ချက် ပြန်ရလာပါတယ်။ ဒါပေမဲ့ မော်ရိုရဲ့ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အကျင့်ဆိုးတွေ၊ ညီမဖြစ်သူရဲ့ စည်းကမ်းတွေကို ချိုးဖောက်တာတွေနဲ့ Mal ဆိုတဲ့ အမျိုးသမီးနဲ့ လျှို့ဝှက်တွဲတာတွေကြောင့် ပြဿနာအသစ်တွေ ထပ်တက်လာပါတယ်။နောက်ဆုံးမှာတော့ မော်ရိုရဲ့ မဆင်မခြင် ဆုံးဖြတ်ချက်တွေကြောင့် သူကိုယ်တိုင်သာမက သူ့ကို ကူညီပေးထားတဲ့ ညီမဖြစ်သူပါ ပြဿနာတွေကြားထဲ ဘယ်လိုပတ်သက် ဆွဲခေါ်ခံလိုက်ရမလဲဆိုတာကို ရင်ခုန်စိတ်ဝင်စားစရာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။