Turn 2 FHD

Turn 2

Drama FHD 2026

ဒီဇာတ်လမ်းကတော့ တစ်နှစ်တည်းမှာပဲ ထွက်ထားတဲ့ Turn (2026) ရဲ့ အဆက် Turn 2 (2026) ပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက အန္တရာယ်ရှိတဲ့ အတွေ့အကြုံတစ်ခုနဲ့ ပတ်သက်ပြီးတော့ ချိတ်ဆက်နေတဲ့ မတူညီတဲ့ အမျိုးသားနှစ်ယောက်ရဲ့ အကြောင်းပါ။ ဖခင်တစ်ဦးက သူ့ရဲ့အတိတ်နဲ့ သူ့ရဲ့အဖေအကြောင်း ပတ်သက်ပြီးတော့ ကြီးမားတဲ့ လျှို့ဝှက်ချက်ဆိုးတွေကို သိသွားခဲ့ပြီး သူ့ဘဝမှာ သူယုံထားတဲ့အရာအားလုံးက အလိမ်အညာ ဖြစ်နေတာကို သိလိုက်ရပါတယ်။ Donavan ကတော့ ဝရမ်းပြေး အမျိုးသားတစ်ယောက်ပါ။ သူ့ရဲ့အဖေက သူ့ကို စမ်းသပ်တဲ့ ဓာတုဆေးတစ်ခုကို ထည့်သွင်းခဲ့ပြီး အဲဒီဆေးက သူ့ကို စူပါပါဝါတွေ ပေးမယ့်အစား စိတ်မတည်ငြိမ်ဘဲ နေမကောင်းဖြစ်စေခဲ့ပါတယ်။ အဲ့ဒီဆေးကြောင့် သူက ညမအိပ်နိုင်ဘဲ နေ့ရက်တိုင်းမှာ သူက အခြားကမ္ဘာတစ်ခုမှာ နေထိုင်နေသလိုမျိုး ခံစားရပြီးတော့ နိုးထလာရပါတယ်။ ပြီးတော့ သူ့နောက်ကိုလိုက်နေတဲ့ အန္တရာယ်များတဲ့လူတွေရဲ့ ရန်ကနေလည်း ထွက်ပြေးနေရတာပါ။ ဒီလို အသက်ရှင်ဖို့ကြိုးစားနေရတဲ့အပြင် Donavan က အစွန့်ပစ်ခံရမှာကို ကြောက်စိတ်ရှိပြီးတော့ သူ့အမေနဲ့ ဆက်ဆံရေးကိုလည်း အဆင်ပြေအောင် ကြိုးစားနေရပါတယ်။ ဒီဇာတ်လမ်းက မိသားစုလျှို့ဝှက်ချက်တွေ၊ မှားယွင်းသွားတဲ့ စမ်းသပ်မှု နဲ့ လက်တွေ့ဘဝကို တဖြည်းဖြည်းမဆုပ်ကိုင်နိုင်တော့ဘဲ အသက်ရှင်ဖို့ကြိုးစားနေရတဲ့ လူတစ်ယောက်အကြောင်း sci-fi thriller တစ်ကားပဲ ဖြစ်ပါတယ်။