Portrait of a Lady on Fire FHD

Portrait of a Lady on Fire

Drama Romance FHD 2019

"​မျက်ဝန်းချင်း ဆုံတွေ့ကြတဲ့အခါ စကားလုံးတွေထက် ပိုကျယ်လောင်တဲ့ ခံစားချက်တွေကို ဘယ်လိုပုံဖော်ကြမလဲ " ဒီဇာတ်ကားက​တော့ ​၁၈ ရာစုနှောင်းပိုင်း၊ ပြင်သစ်နိုင်ငံရဲ့ သီးသန့်ကျွန်းငယ်လေးတစ်ကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အနုပညာနဲ့ အချစ်ရဲ့ ရင်ခုန်စရာ ဇာတ်လမ်း​လေးတစ်ပုဒ်ပါ ပန်းချီဆရာမ "မာရီယန်း" ဟာ ရေပြင်ထက်က အထီးကျန်အိမ်ကြီးဆီကို ခရီးနှင်ခဲ့ရပါတယ်။ သူ့ရဲ့ တာဝန်ကတော့ လျှို့ဝှက်ချက်လေးတစ်ခုနဲ့ လက်ထပ်ရတော့မယ့် မိန်းကလေး "အီလိုဝီစ်" ရဲ့ မင်္ဂလာဆောင်အတွက် ပုံတူပန်းချီကားကို ရေးဆွဲဖို့ပါပဲ ​ဒါပေမဲ့ အီလိုဝီစ်က လက်မထပ်ချင်တဲ့အတွက် ပန်းချီဆွဲခံရဖို့ကို ငြင်းဆန်နေသူဖြစ်လို့ မာရီယန်းဟာ သူ့ကို ပန်းချီဆရာမလို့ မထင်ရအောင် 'အဖော်' တစ်ယောက်အနေနဲ့ အနားမှာနေရင်း လျှို့ဝှက်စောင့်ကြည့်ပြီး ပုံတူကို ခိုးဆွဲရပါတော့တယ် အဲဒီအချိန်ကနေစ​ပြီး တစ်ယောက်ကိုတစ်ယောက် အကဲခတ်ရင်း၊ တိတ်တဆိတ် ထင်ဟပ်လာတဲ့ စိတ်အငွေ့အသက်တွေကနေ တဖြည်းဖြည်းချင်း နက်ရှိုင်းလာတဲ့ ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာတဲ့အခါ... ​အနုပညာနဲ့ အကြည့်တွေကနေတစ်ဆင့် ဖော်ပြလာတဲ့ ရင်ခုန်သံတွေ၊ လွတ်လပ်ခွင့်အတွက် ရုန်းကန်ရမှုတွေနဲ့ ရင်ကိုထိရှစေမယ့် အဆုံးသတ်ကို ခံစားရ​စေမယ့် ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်