ပန်ဂျာပီစကားပြော မှုခင်း၊ သည်းထိတ်ရင်ဖို ရုပ်ရှင်လေးကိုတင်ဆက်ပေးပါရစေ။ ကန်ဝါလ်ဂျစ်ဆင်းဂ်ဆိုတဲ့ သူဌေးတစ်ယောက်ဟာ မသင်္ကာဖွယ် ပျောက်ဆုံးသွားပြီးနောက်မှာ သူ့ရဲ့ဇနီးဖြစ်သူ ဆင်မ်ရန်ပါ ထပ်မံပျောက်ဆုံးသွားပါတယ်။ အဲဒီအမှုအတွက် ဆင်မ်ရန်ရဲ့မောင်ဖြစ်သူက ရဲကိုတိုင်ခဲ့ပြီး ရှာဂေးလ်ဆိုတဲ့ စုံထောက်ကျော်က စုံစမ်းစစ်ဆေးရာမှတစ်ဆင့် မိသားစုအတွင်း လျှို့ဝှက်ချက်တွေ၊ ရှုပ်ထွေးသော ဆက်ဆံရေးတွေ၊ သစ္စာဖောက်မှုတွေ တွေ့ရှိလာရပြီး သံသယဖြစ်စရာလူတွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာကာ သာမန်လူပျောက်မှုကနေ Murder Mystery ဆန်ဆန်ဖြစ်လာတဲ့အခါ...။