Love Language FHD

Love Language

Comedy Romance FHD 2026

လူဝီဆာဟာ လက်ထပ်ခါနီးမှာပဲ ချစ်သူကောင်လေးက မင်္ဂလာပွဲကို ဖျက်သိမ်းသွားတာကို ခံလိုက်ရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ သူပူပူနွေးနွေးအသည်းကွဲထားတာကိုမှ မထောက် သူငယ်ချင်းဖြစ်သူက သူ့ရဲ့မင်္ဂလာကတိစကားကို စာအရေးအသားကောင်းတဲ့ လူ့ကို ရေးပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်။ ဒီလိုနဲ့ လူ့ရဲ့ မင်္ဂလာကတိစကားအရေးအသားကောင်းပုံက တစ်ဆင့်စကားတစ်ဆင့်နားနဲ့ သတင်းတွေပြန့်ပြီး လူတွေက သူ့ကို သူတို့ရဲ့ မင်္ဂလာပွဲအတွက် ကတိစကားတွေ ရေးပေးဖို့ အလုပ်အပ်တဲ့အခြေအနေထိ ဖြစ်လာခဲ့ပါတယ်။ တစ်ရက်မှာတော့ လူဝီဆာ မင်္ဂလာကတိစကားရေးပေးရမဲ့ ကလိုင်းရန့်ရဲ့ သတို့သားက သူတစ်ခါက ကြိတ်ကြိုက်ခဲ့ဖူးတဲ့ တက္ကသိုလ်တုန်းက ကောင်လေး ဖြစ်နေတာနဲ့ ကြုံလာရပါတော့တယ်။ ဒီတော့ လူဝီဆာတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ၊ ခါတိုင်းလိုပဲ အခြေအနေတွေက ချောချောမွေ့မွေ့ပြီးဆုံးသွားမလားဆိုတာ ဆက်ပြီး ကြည့်ရှုလိုက်ကြပါဦး။