ဆယ်ကျော်သက်အရွယ်ကနေ တာဝန်တွေ ဝတ္တရားတွေကို ပခုံးပေါ်စထမ်းလာရတဲ့ လူငယ်ဘဝကို ပြောင်းလဲပုံကို ပုံဖော်ပြထားတဲ့ တေလေဂူးစကားပြော လူငယ်ဘဝဒရာမာရုပ်ရှင်လေးဖြစ်ပါတယ်။ဟိုက်ဒရာဘတ်မြို့ဟောင်းထဲက ရပ်ကွက်လေးတစ်ခုမှာ ကြီးပြင်းလာကြတဲ့ စီနူး၊ ရာဖိခ်နဲ့ မာလေ့ရှ် ဆိုတဲ့သူငယ်ချင်း သုံးယောက်။ အလုပ်အကိုင်အတည်တကျမရှိ၊ တာဝန်ယူမှုမရှိဘဲ အိမ်နဲ့ရန်ဖြစ်လိုက်၊ ပွဲတွေမှာ ဟင်းချက်လိုက်လုပ်ပြီး လေလွင့် ပေါ့ပေါ့ပါးပါးဖြတ်သန်းနေကြတဲ့ သူတို့သုံးယောက်။ ဘဝရဲ့အလှည့်အပြောင်းမှာ အလုပ်အကိုင်ရှိဖို့က အရေးကြီးတယ်ဆိုတာ သိလာတဲ့အခါ။ ပြောင်းလဲဖို့ကြိုးစားပေမဲ့ အဆင်မပြေတဲ့အဆုံး လက်လျှော့ဖို့လုပ်နေတုန်း သူတို့လက်ထဲကို ဘိုးဘွားပိုင်ချက်ပြုတ်နည်းတစ်ခု ရောက်ရှိလာတဲ့အခါ...။