Mruthyudevate FHD

Mruthyudevate

Horror FHD 2026

Mruthyudevate ဆိုတာKannada ဘာသာစကားနဲ့ ‌ေ_သခြင်းတရားရဲ့ နတ်သမီး လို့ အဓိပ္ပာယ်ရပြီးဒီဇာတ်ကားကတော့ Crime, Suspense နဲ့ Thriller အမျိုးအစား Kannada ရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းက တောအုပ်တစ်ခုနဲ့ အလှမ်းဝေးတဲ့ ကျေးရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ ထိတ်လန့်စရာ အဖြစ်အပျက်တစ်ခုပေါ့။ မိန်းမလှလေး အာရ်သီ ကို သူ့ရဲ့ သူငယ်ချင်းမလေး ဒီပါ နဲ့ ကောင်လေး ကီရှူး တို့က လူအရောက်အပေါက်နည်းတဲ့ အိမ်ကြီးတစ်အိမ်ဆီ လည်ပတ်ဖို့ ခေါ်သွားကြပါတယ်။ဒါပေမဲ့ အဲဒီခရီးစဉ်က သာမန် ပျော်ပွဲစားထွက်ရုံ သက်သက်မဟုတ်ဘဲ အကြံအစည်ဆိုးတွေနဲ့ ယုတ်မာမှုတွေ ပြည့်နှက်နေတဲ့ ထောင်ချောက်တစ်ခု ဖြစ်နေခဲ့တာပါ။ အဲဒီကို ရောက်တော့ မိန်းကလေးတွေအပေါ် သူတို့ရဲ့ အကြံဆိုးတွေ အကောင်အထည်ဖော်ဖို့ကြိုးစားကြတဲ့အခါ.....တဏှာရာဂနဲ့ ရက်စက်ယုတ်မာမှုတွေ လွှမ်းမိုးနေတဲ့ အမျိုးသားတွေကို အပြစ်ဒဏ်ပေးဖို့ တရားဥပဒေကို မိမိလက်ဝယ်မှာ ကိုယ်တိုင်ဆုပ်ကိုင် စီရင်ပြီး မကောင်းမှုကို မဆုတ်မနစ် တုံ့ပြန်မယ့် သတ္တိထက်မြက်တဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်ချက်ကြောင့် ဒုစရိုက်သမားတွေ ဘယ်လိုအပြစ်ဒဏ်ဆိုးတွေ ကြုံတွေ့ရမလဲဆိုတာကို ၂ နာရီခွဲကြာ သဲထိတ်ရင်ဖို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။