အခုတစ်ခါမှာတော့ ကေဒရမ်မာပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသား Choi Tae Joon, Kim Shi Hoo နှင့်အတူ မင်းသမီးချောလေး Mun Ka Young တို့ အဓိက ပါဝင်ထားတဲ့ လူငယ်ဒရမ်မာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းမိသားစုအခက်အခဲနဲ့ ငွေကြေးပြဿနာတွေကြောင့် မြို့သစ်တစ်မြို့ကို ပြောင်းလာတဲ့ ဆယ်ကျော်သက်ကျောင်းသားလေး Yun Jae ဟာ ကျောင်းမှာ လူတိုင်းကြောက်ရတဲ့ Se Jun နဲ့ အမှတ်မထင် ရင်းနှီးသွားကြပါတယ်။ အဲဒီနောက်မှာတော့ မိခင်ရဲ့ ဆေးရုံစရိတ်အတွက် ငွေအရေးတကြီးလိုအပ်နေတဲ့ Yun Jae ကို Se Jun က လစာကောင်းတဲ့ အချိန်ပိုင်းအလုပ်တစ်ခု မိတ်ဆက်ပေးခဲ့ပေးပြီး အဲဒီအလုပ်ဟာ ထင်ထားသလို မရိုးရှင်းဘဲ အရွယ်မရောက်သေးတဲ့သူတွေကို ပစ်မှတ်ထားတဲ့ တရားမဝင်ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေတဲ့ အလုပ်တစ်ခု ဖြစ်နေပါတော့တယ်။ အဲဒီအချိန် သူတို့နှစ်ယောက် စိတ်ဝင်စားနေတဲ့ Eun Yeong ဆိုတဲ့ ကျောင်းသူလေးဟာ သူတိုနှစ်ယောက်ကြား ဝင်ရောက်လာတဲ့အခါမှာတော့...ခင်မင်မှု၊ အချစ်နဲ့ ပိုင်ဆိုင်လိုစိတ်တွေကြားက သူတို့သုံးယောက်အတွက် ဘယ်လိုအဆုံးသတ်က စောင့်ကြိုနေမလဲဆိုတာကိုတော့ ဒီကျောင်းသားရာဇဝတ်မှုကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦးနော်။