စုံထောက်ကြီးဘတ်မန်းနှင့် ဟောလိုးဝင်းခရီးရှည်ကြီး အပိုင်း(၂) ထွက်လာပါပြီ. အပိုင်း(၁)မှာ ဂျိုကာနဲ့ နွယ်ပျိုမယ်တို့ ပေါ်လာကြပြီဖြစ်သလို ဇာတ်လိုက်ကျော် ဟောလီးဒေးလူသတ်သမားကလည်း မြို့မျက်နှာဖုံးကြီး ဖယ်ကိုနီရဲ့အရေးပါတဲ့မိသားစုဝင်တစ်ယောက်ကို ထပ်သတ်ပြီးအဆုံးသတ်ထားပါတယ် အပိုင်း(၂)မှာတော့ ဟောလီးဒေးအမည်ခံလူသတ်သမားက ဘယ်သူဖြစ်နေမလဲ. စုံထောက်ကြီးဘတ်မန်းထင်နေသလို ဟာဗေးဒန့်ကပဲ ဟောလီးဒေးဖြစ်နေမလား. ပရိတ်သတ်အချစ်တော်ဂျိုကာကြီးနဲ့ နွယ်ပျိုမယ်တို့ကရော ဘယ်လိုအဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ကြဦးမလဲ. တခြားဘယ်နာမည်ကြီးဗီလိန်တွေ ထပ်ပါလာဦးမလဲ. ဟာဗေးဒန့်ဆိုတဲ့နာမည်ကြားလိုက်ရုံနဲ့ DC fanတိုင်းသိကြတဲ့ ဗီလိန်တစ်ယောက်က ဘယ်လိုမွေးဖွားလာမလဲ... စတဲ့ပဟေဠိပေါင်းများစွာ၊လှည့်ကွက်ပေါင်းများစွာကို ဘတ်မန်းနဲ့အတူ ပရိတ်သတ်တွေကိုယ်တိုင် ဖော်ထုတ်အဖြေရှာရဦးမှာပါ Batman:Under The Red Hood နောက်ပိုင်းထွက်လာတဲ့ထဲမှာ ဒီLong Halloween part 1 and 2ဟာ တော်တော်လေးDarkဖြစ်တာမို့ DC animated universe fanတိုင်း လတ်လွတ်မခံပဲကြည့်ရှုသင့်တဲ့ animationတွေပဲဖြစ်ပါတယ်. အားပေးကြည့်ရှုလိုက်ကြပါဦ