ဒီဇာတ်လမ်းမှာတော့ ဘတ်မန်း စုံထောက်ဝင်လုပ်တာကို တွေ့ရမှာပါ. ထုံးစံအတိုင်း ရာဇဝတ်ကောင်တွေ ပေါများတဲ့ ဂေါ်သမ်ဟာ ဟောလိုးဝင်းအားလပ်ရက်တွေမှာ အခြေအနေ ပိုဆိုးလာခဲ့ပါတယ်.ဘာလို့လဲဆိုတော့ မြို့မျက်နှာဖုံး ငွေခဝါချနေတဲ့ ဖယ်ကိုနီမိသားစုဆိုတဲ့ ဒိတ်ဒိတ်ကျဲမိသားစုတွေရဲ့ ဂိုဏ်းကလူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရလို့ပါ, ဒါကြောင့် ဖယ်ကိုနီမိသားစုကို ဖြုတ်ချချင်တဲ့ ဒန့်ရယ် လူသတ်မှုကိုဖော်ထုတ်ချင်တဲ့ ဘတ်မန်းရယ် နှစ်ယောက်ပေါင်းပြီး အမှုလိုက်ကြမှာပါ