ဖရန်ကီဟာ လူမှုအသိုင်းအဝိုင်းကြားမှာ မနေတတ် မထိုင်တတ်ဖြစ်ရတဲ့ Social Anxiety ခံစားနေရသူ လေးတစ်ယောက်ပါ။ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ တိုက်တွန်းမှုကြောင့် ရည်းစားဟောင်းရှိနေမယ်မှန်းသိရက်နဲ့ အဝေးတစ်နေရာက သီးသန့် အိမ်တစ်အိမ်မှာ ပြုလုပ်တဲ့ House Party ကို မဖြစ်မနေ သွားခဲ့ရပါတယ်။ သူမအတွက်တော့ ဒီပါတီပွဲထဲမှာ အပြုံးတုတွေဆင်ပြီး အားလုံးနဲ့ အဆင်ပြေအောင်နေပြရတာတင် အတော်လေး ဝန်ထုတ်ဝန်ပိုး ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ တကယ့်အိပ်မက်ဆိုးက ပါတီပွဲထဲကို စိတ်ခြောက်ခြားစရာကောင်းတဲ့ ဧည့်သည်တစ်ယောက် ရောက်လာပြီးမှစတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဧည့်သည်ဆီကနေတစ်ဆင့် ထိတွေ့မှုကနေ ကူးစက်တတ်တဲ့ နာမည်မဲ့မကောင်းဆိုးဝါး (Thingy) တစ်ခု ပါတီပွဲဝင်တွေကြားထဲ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီစွမ်းအားဆိုးဟာ လူတွေရဲ့ စိတ်ထဲက အကြောက်တရား၊ မနာလိုမှုနဲ့ မယုံကြည်မှုတွေကို အခွင့်ကောင်းယူပြီး အချင်းချင်း သံသယဝင်လာအောင် ဖန်တီးပါတော့တယ်။ ယုံကြည်ရခက်တဲ့ ပါတီပွဲပတ်ဝန်းကျင်ထဲမှာ ဘယ်သူ့ဆီကို မကောင်းဆိုးဝါး ရောက်နေပြီလဲဆိုတာ မသိနိုင်တော့တဲ့အခါ..... မိသားစုနဲ့အတူကြည့်လို့မသင့်တော်တဲ့ဇာတ်ဝင်ခန်းများပါဝင်နေတာမို့လို့အသက်ပြည့်ပြီးသူများသာကြည့်ရှုသင့်ပါတယ်.....