ဒီကားကတော့ အက်ရှင်ကားကြိုက်တဲ့သူတွေအကြိုက်တွေ့စေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…. စစ်ဆင်းရေးတစ်ခုအတွက်ကြောင့် U.S. Special Force တစ်ဖွဲ့ကို Bolivian တောထဲကိုစေလွှတ်ပြီးစစ်ဆင်ရေးကိုစတင်စေခဲ့ပါတယ်… Clay , Jensen , Roque , Pooch နဲ့ Cougar တို့ဟာပစ်မှတ်ဖြစ်တဲ့ရန်သူဖြစ်တဲ့Max ကိုဉာဏ်မျိုးစုံနည်းပေါင်းစုံနဲ့ ရှာဖွေခဲ့ရပါတယ်…. စစ်ဆင်ရေးမှာသူတို့တွေ လှည့်စားခံလိုက်ရပြီးနောက်ပိုင်းမှာတော့သူတို့ကိုယ်သူတို့သေသူတွေအဖြစ်သတ်မှတ်လိုက်ပြီး သူတို့ကိုလာပြီးဆက်သွယ်တဲ့ Aisha နဲ့အလုပ်ထပ်မံလုပ်ကိုင်ခဲ့ပါတယ်…. သူတို့တွေစစ်ဆင်ရေးတစ်ခုကိုအတူတူလုပ်ရင်း Max ကိုချေမှုန်းနိုင်မယ့် အစီစဉ်တွေကိုဘယ်လိုချလဲ… ဘယ်လိုတွေရန်သူတွေနဲ့အဖွဲ့လိုက်ဉာဏ်သုံးပြီး တိုက်ခိုက်မလဲဆိုတာ စိတ်ဝင်စားစွာနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်… ဒီကားဟာ အဖွဲ့လိုက်လှုပ်ရှားမှု့တွေကိုအခြေခံထားလို့တစ်ယောက်ချင်းစီနဲ့ နာမည်နဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်…