I Am Number Four FHD

I Am Number Four

ဇာတ်ညွှန်းသူတို့ဟာ ကမ္ဘာကမဟုတ်ပါဘူး။ မိခင်ဂြိုလ် Lorien ကို အဖျက်စွမ်းအားကြီးတဲ့ Mogadorian ဂြိုလ်သားတွေက ဖျက်ဆီးခံလိုက်ရတဲ့အခါမှာ Lorien ကို ပြန်လည်ပြီးတော့ ဦးမော့လာဖို့ စွမ်းအားရှင် ကလေး ၉ ယောက်ကို ကမ္ဘာဆီကို တိတ်တဆိတ်စေလွှတ်လိုက်ပါတယ်။ ဒီကလေးတွေကို ကာကွယ်ထားတဲ့ မန္တာန်တစ်ခုရှိတယ်။ အဲဒါကတော့ ကလေးတွေကို နံပတ်စဉ် အစဉ်လိုက်အတိုင်းပဲ သ-တ်လို့ရမယ်ဆိုတာပဲ။ နံပတ် ၁၊ ၂၊ ၃ ပြီးမှသာ ၄ ကို သ-တ်လို့ရမှာဖြစ်ပါတယ်။ အဲဒီမှာ “သူတို့သုံးယောက်ကို သ-တ်လိုက်ပြီ နောက်တစ်ယောက်က ကျွန်တော်ပဲ”ဆိုတဲ့ စာသားပေါ်လာတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတင် နံပတ် ၃ က အသ-တ်ခံလိုက်ရပြီး ကျောင်းသားယောင်ဆောင်နေတဲ့ နံပတ် ၄၊ ဂျွန်စမစ်တ်က သားကောင်ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ နံပတ် ၄ က ပုန်းလျှိုးကွယ်လျှိုးနဲ့ထွက်ပြေးနေတုန်း ခေါင်းထဲမှာ အတွေးတစ်ခုဝင်လာပါတယ်။ အဲဒါကတော့ “ငါလည်းစွမ်းအားရှင်၊ သူတို့ကို ဘာလို့များ ပြန်မတိုက်ပဲ နေရမလဲ” ဆိုတာပါပဲ။ ပြေးရတာကိုစိတ်ကုန်လာတဲ့ ဂျွန်ဟာ Mogadorian တွေကို ပြန်တိုက်ဖို့ ကြိုးစားပါတော့တယ် ဂြိုလ်သားရုပ်ရှင်တော်တော်များများလိုမျိုး စက်ရုပ်လိုမျိုး စိတ်ထားတွေ ခံစားချက်မဲ့တဲ့ ဇာတ်ကောင်တွေကို ဦးတည်ထားတာမဟုတ်ပဲ လူသားတွေလိုမျိုး သံယောဇဉ်နဲ့ အာရုံစံစားနိုင်မှုတွေကို ဦးတည်ထားတာမလို့ တော်တော်လေးကိုကြည့်ကောင်းတယ်လို့ဆိုရပါမယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါ။