FHD
Family Guy Presents: Blue Harvest
ဇာတ်ညွှန်း မင်းသမီးလေး လိုင်ယာ (လိုးဝစ်စ်) ရဲ့အမိဂြိုလ်ကို ဒါ့တ်ဗိတ်ဒါ (စတူးဝီ)တို့ဦးဆောင်တဲ့ အမှောင်တပ်ဖွဲ့စုက ဖျက်ဆီးလိုက်တဲ့အခါ လိုင်ယာက အိုဘီဝမ် ကနိုဘီ (ဟားဘတ်) ဆီကို အကူအညီလှမ်းတောင်းပါတော့တယ်။ အကူအညီတောင်းတာကို သွားပြီး သတင်းပါးရတာကတော့ ဒရိုက်နှစ်ခုဖြစ်တဲ့ စီသရီးပီအို (ကွက်ဂ်မိုင်ယာ)နဲ့ အားတူးဒီတူး (ကလိဗ်လန်း) တို့ဖြစ်ပါတယ်။ လုခ်စကိုင်းဝေါ်ကာ(ခရစ်စ်) ရဲ့ ဦးလေးနဲ့ အဒေါ်က အသတ်ခံလိုက်ရပါပြီ။ ဒီလိုနဲ့ အာတူးတို့ဟာ အိုဘီဝမ်ကို အကူအညီသွားတောင်းရင်း သူခိုး ဂျပိုး ဟန်ဆိုလို (ပီတာ) နဲ့ သူ့အဖော် ချူးဘက်ကာ (ဘရိုင်ယန်) တို့ဆီကို ရောက်သွားကာမင်းသမီးလေး လိုင်ယာကို ကယ်တင်ပုံကို ဘက်ပေါင်းစုံကနေ ခွီရအောင် တင်ဆက်ထားပါတယ်။ ထုံးစံအတိုင်း မက်ဂ်ကတော့ မပါပါဘူးခင်ဗျာ။ ခံစားကြည့်လိုက်ကြပါ။