Dragon Tiger Gate FHD

Dragon Tiger Gate

လုံဟူမန် (Dragon Tiger Gate) ကို ကွန်ဖူးအကျော်အမော်နှစ်ယောက်ဖြစ်တဲ့ ၀မ်ကျန်းလုံနဲ့၀မ်ဖုဟူတို့က လူတွေဖိနှိပ်ချုပ်ချယ်ခံရတာက‌နေ လွတ်မြောက်စေဖို့အတွက် တည်ထောင်ခဲ့တာဖြစ်ပေမယ့် ၀မ်ဖုဟူရဲ့သားအရင်း (Dragon)ဟာ ဆန့်ကျင်ဘက်လမ်းကို ရွေးသွားခဲ့ပြီး လုံဟူမန်ကနေ ထွက်ခွာကာ ဖအေတူမအေကွဲညီဖြစ်သူ(Tiger) နဲ့လည်း ဝေးကွာခဲ့ရတယ်။ အရွယ်ရောက်လာတဲ့အချိန်မှာတော့ ညီအစ်ကိုနှစ်‌ယောက်ဟာ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေပြီး ဒုစရိုက်‌ေလာကနဲ့ပတ်သတ်နေတဲ့ Dragon တစ်ယောက် လုံဟူမန်ကို ခေါင်းမော့ကာ ပြန်လာနိုင်မလားဆိုတာကတော့..... IP Man ကြီး နုစဉ်တုန်းက ရိုက်ကူးထားတဲ့ဇာတ်ကားဟောင်းတစ်ကားဖြစ်ပြီး မင်းသားချော Nicolas Tse လည်း ပါ၀င်ပါတယ်။ သူ့ခေတ်သူ့အခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ Manhua ကိုရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး တိုက်ကွက်တွေကတော့ တကယ့်ကိုအမိုက်စားတွေမလို့ တရုတ်သိုင်းကားကြိုက်သူတွေ လုံး၀လက်လွှတ်မခံသင့်တဲ့ကားတစ်ကားပါ။