Girls vs Gangsters FHD

Girls vs Gangsters

အခုတစ်ခေါက် ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရင်း ကြည့်လိုက်ရတာနဲ့ စိတ်ပင်ပန်းတာတွေ ပြေပျောက်သွားစေမယ့် ''Girls vs Gangsters''ဆိုတဲ့ တရုတ်ဟာသ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ ရှီးဝမ် ကင်မီ ကျားလန်ဆိုတဲ့ မိန်းကလေး သုံးယောက်က သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ ရှီးဝမ်ရဲ့ အပျိုဘဝ နောက်ဆုံးခရီးစဥ်အတွက် သုံးယောက်သား ဗီယက်နမ်ကို အပျိုစင်ခရီးစဥ်လေး ထွက်ခဲ့ကြပါတယ်။​​ရောက်​ရောက်ချင်းညမှာ အလွန်အကျွံ သောက်စားမိပြီး နောက်တစ်နေ့ မနက်မှာတော့ သူတို့ သုံးယောက်ဟာ ကမ်းခြေတစ်ခုမှာ နိုးလာကြပါတယ်။ ဘာတွေဖြစ်ခဲ့မှန်း မမှတ်မိတဲ့အပြင် ရာဇဝတ်ဂိုဏ်းတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကိုပါ ခံရတဲ့အခါမှာတော့ လွတ်အောင်ပြေးရင်း ဖြစ်ပျက်ခဲ့တဲ့ အရှုပ်အထွေးတွေကို ပြန်လည်ဖြေရှင်းကြရပါတော့တယ်။ အဲဒီအရှုပ်ကတော့ ခရီးစဥ်မှာ အတူလိုက်ပါလာတဲ့ သတို့သမီးလောင်းလေး ရှီးဝမ်ရဲ့ ယောင်းမ ကျင်းကျင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ကျင်းကျင်းကို ပြန်ရချင်ရင် သူတို့သုံးယောက်က ရွှေတုံး အတုံး၁၀၀ကို တစ်ရက်တည်းနဲ့ ကုန်အောင် သုံးပြရမှာပါ... ရွှေတုံးတွေနဲ့ သူတို့သူငယ်ချင်းသုံးယောက် ဘာတွေဆက်ဖြစ်မှာလဲ.... ဗီယက်နမ်မှာအလွဲလွဲအချော်ချော်နဲ့ သူငယ်ချင်းသုံးယောက်ရဲ့အဖြစ်ကို မရပ်မနား ရယ်မောရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီခရီးစဥ်ကြောင့်ပဲ သူတို့သုံးယောက်က မခွဲမခွာနိုင် အရမ်းချစ်တဲ့ အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့သလို သံယောဇဥ်လည်း ပိုပြီး ခိုင်မြဲလာခဲ့ပါတယ်။ ဒီလို ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောရင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးကို လက်မလွှတ်တမ်း ကြည့်ရှုလိုက်ရအောင်နော်။