ရုပ်ရှင်မင်းသမီး အိုလီဗီယာက အိမ်ထောင်ရှိသူ ခရိုနီ တစ်ယောက်နဲ့ တွဲနေရာကနေ လူသိတော့မယ့် အခြေအနေဖြစ်တာကြောင့် ပါပါရာဇီက ရိုက်လိုက်တဲ့ ပုံထဲပါတဲ့ အမျိုးသား အန်တိုနီယို ကို ချစ်သူ အနေနဲ့ သရုပ်ဆောင်ခိုင်းခဲ့ပါတယ်။ အန်တိုနီယို က စားသောက်ဆိုင်မှာ ကားရွှေ့ပေး ပါကင်ထိုးပေးရတဲ့ လူဖြစ်ပြီး သူနဲ့အတူ အိုလီဗီယာဟာ မင်းသမီးနဲ့ ကားပါကင်သမားဆိုတဲ့ ခေါင်းစဉ်အောက် ၂၄နာရီစောင့်ကြည့်နေတဲ့ ပါပါရာဇီတွေကို ဘယ်လို လှိမ့်ပြီး ရှောင်တိမ်းသွားမလဲဆိုတာ ကြည့်ရမယ့် ပြင်သစ် ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ comedy movie အမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။