Revenger FHD

Revenger

သေမိန့်ချခံထားရတဲ့ အပြစ်သားတွေဟာ အိန္ဒိယသမုဒ္ဒရာက ကျွန်းတစ်ကျွန်းမှာ သီးသန့်ခွဲခြားထားခြင်း ခံရပါတယ်။ အဲဒီကျွန်းမှာ တရားဥပဒေဆိုတာမရှိဘဲ အင်အားကြီးသူသာ အနိုင်ရစတမ်းဆိုတဲ့ စည်းမျဥ်းအတိုင်း ကားလို့စ်ခွန်ဆိုတဲ့ အကြီးစားဒုစရိုက်သမားက ဂိုဏ်းဖွဲ့ပြီး အနိုင်ကျင့်စိုးမိုးနေတာပေါ့။ ကျွန်းမှာနေထိုင်ကြတဲ့ တခြားအပြစ်သားတွေဟာ သူ့ရဲ့ လူမဆန်တဲ့ အနိုင်ကျင့်မှုတွေကို ရှောင်တိမ်းရင်း ရှင်သန်ဖို့အတွက် နေ့စဥ်နဲ့အမျှ အသည်းအသန်ကြိုးပမ်းနေရတာကြောင့် ကျွန်းမှာနေရတဲ့ဘဝကို အရှင်လတ်လတ် ငရဲကျနေရတဲ့ ဘဝလို့တောင် တင်စားပြောရတဲ့အထိပါပဲ။ ဒီလိုနဲ့ တစ်နေ့ ရဲအရာရှိဟောင်းတစ်ယောက်က သေမိန့်ကျအပြစ်သားအဖြစ် အသွင်ယူပြီး သူ့မိသားစုကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ခွန်ကို လက်စားပြန်ချေဖို့ ရောက်လာချိန်မှာတော့.... သွေးသံတရဲရဲနဲ့ သတ်ကြဖြတ်ကြတဲ့ ဇာတ်လမ်းတွေကိုမှ အကြိုက်တွေ့ကြတဲ့ ပရိသတ်တို့ Revenger ဆိုတဲ့ ဇာတ်လမ်းလေးကို M Sub Movie မှာ ကြည့်ရှုခံစားနိုင်ပါပြီ။