King of Comedy FHD

King of Comedy

ဒီဇာတ်ကားလေးကတော့ ဟောင်ကောင် နာမည်ကြီး မင်းသားကြီး စတီဗင်ချောင် (Stephen Chow) ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ "King of Comedy" (1999) အမည်ရတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ရယ်ရရုံသာမကဘဲ နှလုံးသားကိုပါ ထိရှစေတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဝမ်ထင်းဆောင်(စတီဗင်ချောင်)ဆိုတဲ့ လူငယ်လေးဟာ သရုပ်ဆောင်မင်းသား ဖြစ်ချင်လွန်းလို့ သရုပ်ဆောင်ပညာကို လေ့လာလိုက်စားဖို့ ဘဝတစ်ခုလုံးကို ပုံအောမြှုပ်နှံထားတဲ့ ရုန်းကန်နေရဆဲ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူ ရုပ်ရှင်ရိုက်ကွင်းပေါ် ရောက်ပြီဆိုရင်တော့ အလွဲအချော်တွေ ပြဿနာတွေနဲ့ပဲ အမြဲတမ်း ကြုံတွေ့ရလေ့ရှိပါတယ်။ အဲဒီလို အခက်အခဲတွေ ရှိပေမဲ့လည်း ဝမ်ဟာ ဘယ်တော့မှ အရှုံးမပေးဘဲ တရုတ်ရိုးရာ ပြဇာတ်တစ်ခုကို စင်တင်တင်ဆက်နိုင်ဖို့အတွက် အလုပ်များပြီး ကြိုးစားနေသူ တစ်ဦးပဲ ဖြစ်ပါတယ်... တစ်ဖက်မှာလည်း ဘဝပေးအခြေအနေကြောင့် အပျော်မယ်လုပ်နေရတဲ့ လျိုဖျောင်းဖျောင်းဆိုတဲ့မိန်းကလေး နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူတို့နှစ်ဦးကြားက ထူးခြားတဲ့ သံယောဇဉ်နဲ့ သရုပ်ဆောင်လောကမှာ နေရာတစ်နေရာရဖို့ ရုန်းကန်ရပုံတွေကို ရိုက်ကူးထားတာပါ။ ကြိုးစားပေမယ့် ခေါင်းဆောင်မင်းသားနေရာ မရဘဲ အရန်အဆင့်နဲ့သာ ကျေနပ်နေရတဲ့ ဝမ်တစ်ယောက် စိတ်ဓာတ်မကျဘဲ အခက်အခဲတွေကို ရင်ဆိုင်ပြီး နောက်ဆုံးမှာ ဘဝရဲ့ ပျော်ရွှင်မှု အစစ်အမှန်ကို ရှာတွေ့သွားပါတော့တယ်။ ဘဝရဲ့ ခါးသီးတဲ့ အမှန်တရားတွေကို သရုပ်ဖော်ရိုက်ကူးထားပြီး ရယ်လည်းရယ်ရ ငိုလည်းငိုရနဲ့ စိတ်ဓာတ်ခွန်အားရစေတဲ့ စတီဗင်ချောင်ရဲ့ Classic ကားကောင်းတစ်ကားဖြစ်ပါတယ်။