About Time FHD

About Time

MDb rating 7.8/10 ရထားတဲ့ fiction အမျိုးအစား Drama လေးဖြစ်ပါတယ်။ Barbie Live Action ထဲက ဇာတ်လိုက်‌ Maggot Robbie လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တင်မ်တို့မိသားစုမှာ မျိုးရိုးစဉ်ဆက် ယောကျာ်းတွေက အချိန်နောက်ပြန်ခရီးသွားနိုင်ပါတယ်။ တင်မ်အရွယ်ရောက်တဲ့အချိန်မှာ သူ့အဖေက ဒီလျှို့ဝှက်ချက်ကို ပြောပြတဲ့အတွက် တင်မ်က အချိန်ခရီးသွားပြီး သူ့အနာဂတ်ကောင်းအောင် အတိတ်ကို ပြင်ဆင်ပါတော့တယ်။ အဓိကကတော့ သူ့အတွက် ချစ်သူမိန်းကလေးရှာဖို့ပေါ့။ ဒါမဲ့ သူ့ဟာနဲ့သူ လည်ပတ်နေတဲ့ အချိန်စက်ဝန်းမှာ မျှချေဖြစ်နေတာကို ပြောင်းလဲဖို့ သိပ်မလွယ်ပါဘူး။ အလုံးစုံအဆင်ချောနေဖို့ရာ မဖြစ်နိုင်ပါဘူး။ တင်မ်ကတော့ သူ့ဘဝနဲ့ သူ့ညီမဘဝအတွက် အတတ်နိုင်ဆုံး အချိန်ခရီးသွားပြီး ပြောင်းလဲပြင်ဆင်ပေးခဲ့ပါတယ်။ ချစ်ရသူကိုရှာတွေ့ပြီး လက်ထပ်တဲ့အထိပါ လုပ်နိုင်ခဲ့ပါတယ်။ ဒါမဲ့သူ့ရဲ့ထူးခြားတဲ့ Gift က ပူဆွေးမှုတွေ အတက်အကျတွေကနေ မကာကွယ်ပေးနိုင်ဘူးဆိုတာ တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။