Casa Amor: Exclusive for Ladies FHD

Casa Amor: Exclusive for Ladies

Comedy Romance FHD 2015

ဘတ်ဘိုဟီးဟာ အလုပ်ပဲကြိုးစားလုပ်ပြီး အမျိုးသားဖြစ်သူနဲ့ကလေးကိုပါ ပစ်ထားမိနေခဲ့ပါတယ်။ အမျိုးသားဖြစ်သူကလည်း အိမ်ထောင်ရေးသုခမရတာကြာလာတော့ အိမ်ပေါ်ကနေဆင်းသွားခဲ့ပါတော့တယ်။ ဘတ်ဘိုဟီးရဲ့အလုပ်က ကလေးအရုပ်တွေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပြီး အရေးကြီးတဲ့ Presentationလုပ်တဲ့နေ့မှာမှ Sex shopဖွင့်ထားတဲ့ အိမ်နီးနားချင်းရဲ့ ပစ္စည်းပုံးကိုမှားယူသွားပြီး ပြမိလို့ အရှက်တကွဲနဲ့ အလုပ်အထုတ်ခံလာရပါတော့တယ်။ ကလေးအရုပ်ရောင်းနေကျဖြစ်တဲ့ဘတ်ဘိုဟီးတစ်ယောက် Sex shopဆိုင်ရှင်နဲ့အချိတ်အဆက်မိပြီး လူကြီးအရုပ်တွေကို ဘယ်လိုရောင်းချသွားမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရှုကြရမှာပါ။