အနုပညာဆိုတာ လူတွေရဲ့အတွေးကိုအသက်ဝင်လာအောင်ပြောင်းလဲပေးနိုင်တဲ့အရာပါပဲ Hal ဆိုတဲ့သူဌေးသားက သူ့အဖေသေဆုံးပြီးနောက် သူ့အဖေရဲ့ ဟိုတယ်လုပ်ငန်းကွင်းဆက်ကို အမွေဆက်ခံရပြီး သူနဲ့အကြာကြီးခိုးတွဲနေတဲ့ Rebecca နဲ့လျှို့ဝှက်ဆက်ဆံရေးကို အဆုံးသတ်ဖို့ကြိုးစားခဲ့ပါတယ် အဲ့ကိစ္စကိုလက်မခံနိုင်တဲ့ ရေဗက္ကာက သူရှိနေတဲ့ဟိုတယ်ကိုလာပြီး ပြဿနာရှာပါတော့တယ် Hal ကသူရေးထားတဲ့ဇာတ်ညွန်းအတိုင်း ရေဗက္ကာကိုလုပ်စေချင်ခဲ့တာပေါ့ ဒါပေမယ့်သူမက အဲ့အကြောင်းအရာတွေကနေသွေဖယ်ပြီးပြောနေတော့ တစ်ချို့အပိုင်းတွေကသရုပ်ဆောင်နေတာလား တကယ်လားဆိုတာဝေခွဲလို့မရပါဘူး ဟယ်လ်က သူ့ကိုယ်သူမုန်းတယ် ဒီအလုပ်ကိုလုပ်ဖို့သူ့အဖေလိုဖြစ်မှရမယ်ဆိုတဲ့အတွေးရှိတယ် သူ့ကိုကြမ်းကြမ်းတမ်းတမ်းပြောပြီးအနိုင်ယူလို့ရတယ်ဆိုတာကို ရေဗက္ကာကသိနေပါတယ် Hal ကသူ့ရဲ့ပိုင်ဆိုင်မှုကိုမပေးချင်တာကြောင့် သူမနဲ့ဆက်ဆံရေးကိုဖြတ်ချင်ခဲ့ပေမယ့် သူမက ဟယ်လ်ရဲ့စိတ်ကိုနားလည်နေပြီး လက်မလျှော့ပဲပြန်ထိန်းချုပ်ရင်း အန္တရာယ်ရှိတဲ့အခြေအနေကို ရောက်သွားတဲ့အချိန်မှာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ကူးထားတာကြောင့် ပရိသတ်တွေအကြိုက်တွေ့မှာသေချာပါတယ်