The Purge : Election Year က The Purge ဇာတ်ကားတွေရဲ့ တတိယမြောက်ဇာတ်ကားပါ။ The Purge ဇာတ်ကားတွေအတိုင်းပဲ US အစိုးရက နှစ်စဉ်နှစ်တိုင်း March လ 21 ည 7 နာရီကနေ နောက်နေ့မနက် 7 နာရီအထိ 12 နာရီကြာအောင် လူသတ်မှုအပါဝင်ရှိသမျှ ရာဇဝတ်မှုတွေကိုအကုန်ခွင့်ပြုထားတဲ့စနစ်ကိုကျင့်သုံးနေရာကနေ တစ်နေ့မှာ အဲ့ဒီစနစ်ကြောင့် သေဆုံးသွားတဲ့ Roan ဆိုတဲ့အမျိုးသမီးငယ်လေးရဲ့ မိသားစုတွေပါဝင်ပါတယ်။ အခုအချိန်မှာတော့ သမ္မတလောင်းဖြစ်လာပီဖြစ်တဲ့ Roan ဟာသူ့လက်ထက်မှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ သွေးစွန်းပြီးအကျည်းတန်လှတဲ့ The Purge ဓလေ့ကိုရပ်တန့်ပစ်ဖို့ ကြိုးပမ်းနေရင်းနဲ ့ပဲ The Purge အချိန်ကျရောက်လာပြန်တော့ သမ္မတလောင်း Roan ကို The Purge 12 နာရီအတွင်း ကာကွယ်ပေးဖို့ သက်တော်စောင့် Leo Barnes အပေါ်တာဝန်ကျလာပါတော့တယ်။