ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ From Vegas To Macau (I) နဲ့ (II) ရဲ့ အဆက်ဖြစ်တဲ့ From Vegas To Macau III (2016) ဆိုတဲ့ Hong Kong action-comedy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ နာမည်ကျော် ဟောင်ကောင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Chow Yun-fat, Andy Lau, Nick Cheung, Carina Lau တို့က အတိုင်အဖောက်ညီညီနဲ့ အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ရှစ်ရိကျန်း(ခ) အစ်ကိုကျန်းရဲ့ သမီးဖြစ်သူ အန်းချိုင်နှင့် တပည့်ဖြစ်သူ ရှောင်လန်တို့ရဲ့ မင်္ဂလာအခမ်းအနားကို မိတ်ဆွေ သူငယ်ချင်းများ အစုံအလင်နဲ့ ပျော်ရွှင်စွာ ကျင်းပနေကြပါတယ်။ထိုအချိန်မှာ မင်္ဂလာပွဲကို နည်းပညာမြင့်အကြမ်းဖက်အဖွဲ့အစည်းက အကြမ်းဖက်တိုက်ခိုက်လာပါတယ်။ထိုတိုက်ခိုက်မှုကြောင့် ရှစ်ရိကျန်းရဲ့ သမီးနဲ့ သမက်ဟာ ICU မှာ သတိလည်မလာနိူင်သေးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေခဲ့ရပါတော့တယ်။သို့သော် သမီး နဲ့ သမက်ကို စိတ်ပူပန်မှူကြောင့် ဆေးရုံမှာ ပြာပန်းခတ်နေတဲ့ ရှစ်ရိကျန်းကို အင်တာပိုအဖွဲ့အစည်းမှ လာရောက်ဖမ်းစီးပြီး အကျဉ်းချထားခဲ့ပါတယ်။ထိုအချိန်တွင် သူ၏ ရဲဘော်ရဲဘက် သောက်ကျိုင်ရဲ့ ကယ်ထုတ်မှုကြောင့် သူဟာ ထောင်ထဲမှလွတ်မြောက်ခဲ့ပြီး စင်ကာပူသို့ရောက်ရှိလာကာ ရှစ်ရိကျန်းနဲ့ သူ့အဖွဲ့သားများဟာ နောက်ကွယ်က ကြိုးကိုင်နေသူကိုဖော်ထုတ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ထိုအချိန်မှာပဲ Mr.JC ဆိုသူ ပေါ်ပေါက်လာခဲ့ပြီး သူချစ်ရတဲ့ မိန်းကလေး မိုရှောင်အတွက် ရှစ်ရိကျန်းကို အကွက်ချကာ လက်စားချေရင် ကြံစည်ပါလေတော့တယ်။ Mr.JC ဆိုသူက ဘယ်သူလဲ....? မိုရှောင်ကရော ရှစ်ရိကျန်းနဲ့ ဘယ်လို ပတ်သက်မှုရှိနေတာလဲ...? JCက ဘာကြောင့် ရှစ်ရိကျန်းကို မုန်းတီးကာ လက်စားချေချင်ရတာလဲ...? အင်တာပိုအဖွဲ့အစည်းကရော ဘာကြောင့်နစ်နာသူ ရှစ်ရိကျန်းကို ဖမ်းခဲ့ရတာလဲဆိုတာကို ဇာတ်ကားလေးနဲ့အတူ ကြည့်ရှုပေးပါဦးနော်။