ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ From Vegas To Macau 2014 ဆိုတဲ့ အာရှတလွှားမှာ နာမည်ကြီးတဲ့ တရားမဝင်ဂိုဏ်းတစ်ခုကို ဖော်ထုတ်ဖို့ကြိုးစားနေတဲ့အဖွဲ့တစ်ဖွဲ့ရဲ့ စွန့်စားခန်းတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ သူဌေးသူကြွယ်တွေနဲ့ ငွေတိုးချေးသူတွေအပေါ် ကလိမ်ကျပြီး ငွေကြေးတွေကို လုယက်တတ်တဲ့ ဗန် ၊ ကားလ် နဲ့ ရှောင်လန်တို့ဟာ ခေတ်သစ်ရောဘင်ဟုအဖြစ် နာမည်တွင်ကြပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတိူ့သုံးယောက်ဟာ ဖခင်ဖြစ်သူ ဗန်၏ မိတ်ဆွေဟောင်း အားကျန်း နဲ့ တွေ့ဆုံပြီးနောက်မှာ စွန့်စားမှုတွေ အန္တရာယ်တွေ စတင်ကြုံတွေလာခဲ့ရပါတော့တယ်။အားကျန်းကဖဲကစားရာမှာ အရမ်းတော်တဲ့လက်ကြောင့် လူအများက "မှော်လက်" လို့ခေါ်ကြပါတယ်။ဒီလိုနဲ့ မကာအိုကို ရောက်ရှိလာမယ် DOA အဖွဲ့ ခေါင်းဆောင်ကို ထောက်လှမ်းဖို့အတွက် ရဲတပ်ဖွဲ့မှ မကာအိုမှာ နာမည်ကျော်တဲ့ မှော်လက်အားကျန်းကို အထောက်အကူဖြစ်ပေးဖို့တောင်းဆိုလာကြတာကြောင့် သူတို့ဟာ သံသယဖြစ်စရာ ငွေမဲခဝါချတဲ့ DOA ဆိုတဲ့ နိုင်ငံတကာရာဇဝတ်ဂိုဏ်းကြီးကို ဖော်ထုတ်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ်။ DOA ဟာ နိုင်ငံအနှံ့တွင် ငွေကြေးခဝါချမှု၊ လျှို့ဝှက်အချက်အလက်ရောင်းချမှုနဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေပြုလုပ်နေတဲ့ နိုင်ငံတကာရာဇဝတ်ဂိုဏ်းဖြစ်ပါတယ်။ ရှောင်လန် တို့က အားကျန်း နဲ့ ပူးပေါင်းပြီး DOA ထဲ ကို ထောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး အဲ့ဒီမှာ စွန့်စားမှုတွေနဲ့ လှည့်ကွက်များစွာကို ရင်ဆိုင်ကြရပါတော့တယ်။သူတို့ရဲ့ စုံစမ်းထောက်လှမ်းမှုက အဆင်ပြေပြေဖြစ်နိူင်ပါ့မလား။ DOA အဖွဲ့အစည်းကိုရော အမြစ်ပြတ်ချေမှုန်းနိူင်ပါ့မလားဆိုတာ ကြည့်ရှု့ပေးပါဦးနော်။