ပန်းဂျာဆိုတဲ့အစေခံဟာ မုံရွန်းဆိုတဲ့မျိုးရိုးမြင့်ဆီမှာ အစေခံလုပ်ပါတယ်။ တစ်ရက်ကျ ချွန်းဟန်း ဆိုတဲ့အဆိုတော်လေးကို သူတို့သခင်နဲ့ အစေခံ၂ယောက်လုံး သဘောကျသွားကြပါတယ်။ သခင်လေးမုံရွန်းကလည်း သူ့နည်းသူ့ဟန်နဲ့ ချွန်းဟန်းကိုချဉ်းကပ်သလို ပန်းဂျာကလည်း သခင်လေးမသိအောင် ခိုးပြီး ချွန်းဟန်းကို ချဉ်းကပ်ခဲ့ပါတယ်။ ချွန်းဟန်းက ပန်းဂျာရဲ့ပုံစံအနေအထားကို သဘောပိုကျခဲ့ပေမဲ့ အဆင့်အတန်းချင်းကွာခြားနေတာမလို့ဆိုပြီး သခင်လေးကိုပဲ လက်ခံချင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကတော့...