The Color of Money FHD

The Color of Money

Drama FHD 1986

အက်ဒီဟာ အသက်အရွယ်ရလာပြီး ဘိလိယက်လောက ကနေအနားယူပြီးပွဲစားအဖြစ်နေထိုင်နေရင်းကဗင်းဆင့်ဆိုတဲ့ ပါရမီပါပြီး ထူးချွန်တဲ့ လူငယ်လေးကို စနူကာခုံတစ်ခုမှာစတွေ့ခဲ့ပါတယ်။ ဗင်းဆင့်ဟာ မွေးရာပါပါရမီရှင်တစ်ယောက်ဖြစ်ပြီး စွမ်းရည်အပြည့်အ၀ရှိပေမယ့် ဒီလောကရဲ့ ဂျင်းထည့်လောင်းကြေးပွဲတွေကို အနိုင်ရအောင်ကစားဖို့ စိတ်ဓာတ်နဲ့ နည်းပရိယာယ်မရှိတာကို အက်ဒီသိသွားခဲ့ပါတယ်။ အဲ့ဒါနဲ့ပဲ ဗင်းဆင့်နဲ့ သူ့ကောင်မလေးကာမန်းတို့ကို ခေါ်ဆောင်ပြီးတော့ အတ္တလန်တာမှာကျင်းပမယ့် ၉ လုံးတန်းပြိုင်ပွဲကြီးဆီကို ခရီးရှည်ထွက်ရင်းဒီလောကရဲ့လျှို့ဝှက်ချက်တွေ ပရိယာယ်တွေကို အိတ်သွန်ဖာမှောက်သင်ကြားပေးပါတော့တယ်။ The Hustler ၁၉၅၉ ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ဆရာကြီး Martin Scorsese ရဲ့လက်ရာဖြစ်ပါတယ်။ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု၊ ဇာတ်ညွှန်းဆု၊ အကောင်းဆုံးအနုပညာဖန်တီးမှုတွေ အပါအဝင်လေးဆုဆန်ကာတင်ဝင်ခဲ့ပြီး Paul Newman ကို သူ့ရဲ့သရုပ်ဆောင်သက်တမ်းတစ်လျှောက် တစ်ခုတည်းနဲ့ပထမဆုံးသောအော်စကာဆုကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဂန္ဓဝင်ကားကောင်းတစ်ကားဖြစ်ပါတယ်။