Alba နဲ့ Diego က အမြဲတမ်းရန်ဖြစ်ပြီး အချင်းချင်းဖောက်ပြန်ခဲ့ဖူးတဲ့ စုံတွဲတစ်တွဲပါ။ သူတို့ရဲ့ အိမ်ထောင်ရေးကို ကယ်တင်ဖို့အတွက် ကျွန်းတစ်ကျွန်းက တိတ်ဆိတ်အေးချမ်းတဲ့ ဟိုတယ်တစ်ခုမှာ တည်းပြီး အပန်းဖြေခရီး ထွက်ကြပါတယ်။ ဒါပေမဲ့ အဲဒီခရီးက အလုပ်မဖြစ်ခဲ့ပါဘူး။ Alba က လုံးဝ ခံစားချက်ထုတ်မပြဘဲ Diego ကလည်း သူ့ရဲ့ အဆိပ်အတောက်ဖြစ်တဲ့ နည်းလမ်းတွေကြား ပိတ်မိနေပါတယ်။ ဒါကြောင့် သူတို့က အချင်းချင်း မချိတ်ဆက်နိုင်ဘဲ ဒေါသတွေနဲ့ပဲ ပြည့်နေပါတယ်။ ဟိုတယ်ပိုင်ရှင် လင်မယားနှစ်ယောက်ဖြစ်တဲ့ Irene နဲ့ Ben က အိမ်ထောင်သက်တမ်း ကြာပြီဖြစ်တဲ့ သက်ကြီးလင်မယားနှစ်ယောက်ပါ။ ဒါပေမဲ့ Alba တို့ လူငယ် လင်မယားစုံတွဲရဲ့ အဆိပ်အတောက်ဖြစ်လွန်းတဲ့ ဆက်ဆံရေးက Irene တို့ကိုပါ ကူးစက်ပြီး သူတို့ရဲ့ ဆက်ဆံရေးပါ ပျက်လာချိန်မှာတော့... မပျော်ရွှင်တဲ့ စုံတွဲတစ်တွဲနဲ့ အတူနီးစပ်နေရတာက တခြားစုံတွဲတွေရဲ့ ဆက်ဆံရေးကိုပါ ပျက်ဆီးလာစေတတ်ကြောင်း ရိုက်ပြထားတဲ့ စပိန်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။