You Will Be Free FHD

You Will Be Free

Drama FHD 2026

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရဲ့ကျပ်တည်းခက်ခဲတဲ့ကာလနောက်ခံနဲ့ ဇာတ်အိမ်ကိုစတင်ထားပါတယ်။ တာလီဘန်အစိုးရကျရှုံးပြီးတဲ့နောက်ပိုင်း နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုဒဏ်ကို အလွန်အမင်းခံစားလာရတဲ့အခါ မိသားစုကို ကျွေးမွေးဖို့အတွက် အဖေဖြစ်သူက အသက် (၁၅) နှစ်သာရှိသေးတဲ့သမီးလေး ဇာမီနာကို အသက် (၆၅) နှစ်အရွယ်လူကြီးတစ်ဦးဆီ လက်ထပ်ဖို့ရောင်းစားခဲ့ရပါတယ်။ အဲဒီလိုရက်စက်တဲ့ ကံကြမ္မာဆိုးကြီးကနေ လွတ်မြောက်ဖို့အတွက် ဇာမီနာတစ်ယောက် မိခင်ဖြစ်သူရဲ့အကူအညီနဲ့ ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့ကိုထွက်ပြေးတိမ်းရှောင်လာနိုင်ခဲ့ပြီး အဲဒီမှာ သူ့ဘဝသစ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလွတ်မြောက်မှုနောက်ကွယ်မှာ နာကျင်စရာ ကတိကဝတ်ကြီးတစ်ခုနဲ့ ချည်နှောင်ထားခဲ့ရပါတယ်။ အဲဒါကတော့ နောင်အနာဂတ်မှာ သူမွေးလာမယ့် သမီးဖြစ်သူဟာ အာဖဂန်နစ္စတန်မှာ ကျန်ရစ်ခဲ့တဲ့ ဆွေမျိုးသားချင်းနဲ့ ပြန်လက်ထပ်ပေးရမယ်ဆိုတဲ့သစ္စာကတိပါပဲ။ နှစ်တွေကြာလာပြီး ဇာမီနာတစ်‌ယောက် မွန်ထရီရယ်မြို့မှာ ကနေဒါလူ့အဖွဲ့အစည်းနဲ့ အေးအေးချမ်းချမ်း အံဝင်ခွင်ကျဖြစ်လာချိန်မှာတော့ အသက် (၁၅) နှစ်အရွယ်ရောက်လာတဲ့ သူ့သမီးလေး မာဝါဆီကို အဲဒီအတိတ်က ချည်နှောင်ထားတဲ့ကတိကဝတ်ကြီးက အရိပ်မည်းလို ပြန်လည်ခြောက်လှန့်လာပါတော့တယ်။ မိခင်ဖြစ်သူ ဇာမီနာတစ်ယောက် သူ့သမီးငယ်လေးကို အာဖဂန်က ဆွေမျိုးကောင်လေးနဲ့ အတင်းအကျပ်လက်ထပ်ပေးရမယ့်အရေးကို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်တဲ့အခါမှာတော့ မိရိုးဖလာအစဉ်အလာတွေ၊ ယဉ်ကျေးမှုဖိအားတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရပြီး ကြီးမားတဲ့ ပဋိပက္ခတွေနဲ့ ရင်နင့်စရာဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်လာပါတော့တယ်။ မိခင်မေတ္တာရဲ့စွန့်လွှတ်စွန့်စားမှုတွေ၊ မွန်ထရီရယ်မြို့မှာ သူ့ကိုကူညီပံ့ပိုးပေးတဲ့ သူငယ်ချင်းဖြစ်သူ နန်စီနဲ့တည်ဆောက်ထားတဲ့ ခိုင်မာတဲ့မိတ်ဆွေအင်အား၊ အမျိုးသမီးတွေရဲ့မားမားမတ်မတ်ရပ်တည်နိုင်စွမ်းတွေကိုအခြေခံ ရိုက်ကူးတင်ဆက်ထားတဲ့ ရင်ခုန်စရာ လူမှုရေး ဒရမ်မာရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။