မိန်းကလေးEsports Gamerတွေ Streamerတွေဟာ ဟန်ပြသက်သက် အလှပြရုံ လူတွေရဲ့အာရုံစိုက်မှုကိုခံယူချင်ယုံ အပေါ်ယံသက်သက်သာဆိုတဲ့ အမြင်တွေ ထိုးနှက်ချက်တွေအောက်မှာ အရှုံးမပေးပဲ Esportsချန်ပီယံဆိုတဲ့ အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားကြတဲ့ မိန်းကလေးတွေရဲ့ တိုက်ပွဲကြီးပဲဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် Esportsလောကရဲ့မတည်ငြိမ်မှုတွေကြားမှာ သာမန်ဝန်ထမ်းတစ်ယောက်အဖြစ်ဘဝကိုပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တဲ့အဖွဲ့ခေါင်းဆောင်ဟောင်း မိန်းကလေးတစ်ယောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဂိမ်းကစားခြင်းအပေါ်သူ့ရင်ထဲကမီးတောက်တွေကတော့ ပြောင်းလဲမသွားခဲ့ပါဘူး။ ဒီလိုနဲ့ အိပ်မက်ချင်းတူညီကြတဲ့ မိန်းကလေးတွေပေါင်းစည်းပြီး မိန်းကလေးသီးသန့်Esports Team တစ်ခုဖွဲ့ပြီး အာရှEsports ဖိတ်ခေါ်ပွဲကြီးကိုတက်လှမ်းဖို့ ကြိုးစားကြပါတယ်။ အဲဒါအပြင် သူတို့ဟာလက်ဖက်ရည်ဆိုင်လေးမှာ အပျော်တမ်းပြိုင်ပွဲလေးတွေကျင်းပရင် တစ်ရှိန်ထိုးနာမည်ရလာခဲ့ပါတယ်။ ဒါပေမယ့် အောင်မြင်မှုရဲ့နောက်ကွယ်မှာ ကုမ္ပဏီကြီးတွေရဲ့ ဖိနှိပ်မှုတွေကြုံလာရတဲ့အခါမှာတော့ ...... သူတို့ဟာလက်တွေ့ဘဝရဲ့ မတရားမှုတွေကို ဦးညွှတ်မခံဘဲ ဘယ်လိုမျိုး အတူတကွလက်တွဲပြီး ပြန်လည်တုံ့ပြန် တိုက်ပွဲဝင်သွားကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမယ့် လူငယ်အားကစား ဒရာမာဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်