Steps
ဖွင့်လို့ရတဲ့ link မရှိသေးပါ။
စင်ဒရဲလားပုံပြင်လေးကို လူတိုင်းရင်းနှီးကြပြီးသား ဖြစ်မှာပါ။ ဖခင်ဖြစ်သူက နောက်မိန်းမယူလိုက်လို့ မိထွေးဖြစ်သူနဲ့ မယားပါသမီးနှစ်ယောက် အိမ်ကို ရောက်လာတာတွေ၊ သူတို့က စင်ဒရဲလားကို အနိုင်ကျင့်ကြတာတွေ၊ ကြင်ယာတော်ရွေးပွဲမှာ ဖိနပ်တစ်ဖက်ကျကျန်ခဲ့တာတွေ၊ နောက်ဆုံးတော့လည်း ရိုးသားဖြူစင်တဲ့ စင်ဒရဲလားလေးက ပျော်ရွှင်တဲ့ဘဝကို ရရှိသွားတာတွေ ... ဒီဇာတ်ကြောင်းက အလွတ်တောင် ရနေပြီးသားပါ။ ဒါပေမဲ့ ဇာတ်လမ်းတိုင်းမှာ ဇာတ်ကောင်ရှိသလို၊ ဇာတ်ကောင်တိုင်းမှာလည်း သူ့ရဲ့ဇာတ်လမ်း ရှိပါတယ်။ ဒီတော့ ငယ်ငယ်က အဖန်တလဲလဲကြည့်ခဲ့တဲ့ စင်ဒရဲလားဇာတ်လမ်းကို စင်ဒရဲလားရဲ့ point of view က မဟုတ်ဘဲ မယားပါသမီးဖြစ်သူတစ်ယောက်ရဲ့ point of view ကနေ ပြန်ပြီး သုံးသပ်ကြည့်လိုက်ရအောင်ပါ။ မယားပါသမီးပြောပြတဲ့ ဒီဇာတ်လမ်းမှာရော ဇာတ်ကြောင်းက ဘယ်လိုဖြစ်မလဲ၊ ငယ်ငယ်က သိခဲ့ကြည့်ခဲ့ရသလို သူက တကယ်ပဲ မကောင်းတဲ့သူလားဆိုတာ ဒီ animation လေးမှာ တစ်ဖန်ပြန်လည်ဆန်းသစ်ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။