တွေ့ရှိချက်တွေကို စုစည်းပြီး ခန့်မှန်းရတာ သဘောကျတဲ့ ပရိသတ်တွေအတွက် နက်နက်နဲနဲတွေးခေါ်ရမဲ့ကားမျိုးလို့ ပြောရမယ်ဗျ ဇာတ်လိုက်ကိုတည်းက အတွေးအခေါ်ကောင်းတဲ့လူတစ်ယောက် သာမန်နဲ့မတူဘဲ ထိုးထွင်းသိမြင်နိုင်သလိုမျိုး အမှားအယွင်းနည်းတယ်ပေါ့ ....... ဒီလိုလူမျိုးက ရဲအရာရှိတစ်ယောက်ဆိုတော့ ဇာတ်လမ်းက မိုက်နေပြီပေါ့ဗျာ သူတွေ့မြင်သမျှ တစ်လက်မတောင်အလွတ်မပေးဘဲ ဆက်စပ်ပြီး ပဟေဠိ ဖြေသွားပုံတွေက ဩချစရာ။ သူ ကိုလ်ကတ္တားကို တာဝန်ကျကျချင်းပဲ လူသ-တ်မှုတစ်ခုက ဆီးကြိုနေလေရဲ့ ။ ကဲ နဂိုတည်းက ဉာဏ်ကောင်းတဲ့လူဆိုတော့ မြို့သစ်မှာ ဘယ်လိုစကေးတွေပြသွားမလဲ ကြည့်လိုက်ရအောင်။