Ballabhpurer Roopkotha HD

Ballabhpurer Roopkotha

Comedy Horror HD 2022-10-25 8.3 136 Min

ဘူပတီက ကိုလ်ကတ္တားကိုပြောင်းပြီး သွားဆေးခန်းဖွင့်ချင်နေတဲ့သူတစ်ယောက်ပါ… သူ့က ရှင်ဘုရင်မျိုးဆက်ဖြစ်ပြီး သူပိုင်ဆိုင်တာဆိုလို့ ဘိုးဘွားဘိုင် သက်တမ်း ၄၀၀ရှိတဲ့ ဘော်လာပူရ်နန်းတော်/ အိမ်ကြီးပဲရှိပါတယ်.. ဒါပေမယ့် သူဟာအကြွေးတွေနစ်ပြီး ပြန်ပေးစရာမရှိတဲ့အခါမှာတော့ ဘိုးဘွားပိုင်အိမ်ကြီးကိုရောင်းရဖို့ဖြစ်လာပါတော့တယ်..ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ဆပ်ပြာပိုင်ရှင် မစ္စတာဟလ်ဒါက တစ်နေ့မှာသူ့အိမ်ကိုလာကြည့်ဖို့အကြောင်းကြားလာပါတယ်.. ဒီလိုနဲ့ ဘူတီလဲ နယ်ကိုပြန်ပြီး အိမ်တော်ထိန်းမိုနိုဟာနဲ့ နှစ်ယောက်ပေါင်းကြံကာ အိမ်ကြီးကိုရောင်းဖို့စီစဥ်ပါတော့တယ်..အိမ်ကိုအကြွေးတောင်းဖို့ရောက်လာတဲ့ အကြွေးရှင်သုံးယောက်နဲ့ ဘူမသိကိုးမသိ မဖိတ်ခေါ်ပဲရောက်လာတဲ့သူငယ်ချင်းဖြစ်သူ ဆန်ဂျိဘ်ကရော အိမ်ကိုရောင်းထုတ်ဖို့စီစဥ်ရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ရပြန်ပါတော့တယ်…