Blood Shine FHD

Blood Shine

Horror FHD 2025-08-23 4.8 100 Min

ရုပ်ရှင်ဖန်တီးသူတစ်ယောက်ဖြစ်တဲ့ ဘရိုက်တန်ဝက်စ်ဟာ သူ့ရဲ့ဟော်ရာဇာတ်ညွှန်းအသစ်ကိုအပြီးသတ်ရေးနိုင်ဖို့ဆူညံရှုပ်ထွေးတဲ့ မြို့ပြကနေရုန်းထွက်ပြီး သစ်တောထူထပ်တဲ့တောမြို့လေးတစ်ခုကိုတစ်ကိုယ်တည်းထွက်ခွာလာခဲ့ပါတယ်။အဲ့ဒီနေရာမှာပဲ တောအုပ်ထဲက အိမ်ကြီးတစ်လုံးမှာတစ်ဦးတည်းနေထိုင်တဲ့ ကလာရာဆိုတဲ့ ပဟေဠိဆန်ဆန်အမျိုးသမီးတစ်ယောက်နဲ့စတွေ့ခဲ့ပြီး မကြာခင်မှာပဲ အဲ့ဒီအမျိုးသမီးပြုသမျှ နုရမယ့်အကျဉ်းသားတစ်ယောက်ဘ၀ကိုရောက်သွားပါတော့တယ်။    'Blood Shine'က Cult Horror ကိုမှ ဘာဂိုဏ်းဂဏယုံကြည်ကိုးကွယ်မှုဆိုတာတွေကိုအသေးစိတ်မပြပဲ မရေမရာသင်္ကေတတွေနဲ့တစ်ကားလုံးပုံဖော်သွားတာဖြစ်တဲ့အတွက်ပရိသတ်တွေကိုယ်တိုင် ဇာတ်ကောင်ရဲ့စိတ်ခံစားချက်၊မွန်းကျပ်မှု၊ မရေရာမှုတွေကိုကူးလူးဖလှယ်ခံစားနိုင်မှာပါ။နောက်ပိုင်းမှာပါလာတဲ့နှိပ်စက်ခန်းတွေကလည်း အလွန်ကြမ်းတမ်းပြီး တော်ရုံစိတ်နှလုံးမျိုးနဲ့ကြည့်လို့မလွယ်တဲ့ ဇာတ်ကားမျိုးဆိုတာတော့ ကြိုပြောပါရစေ။