မြို့ကြီးတစ်ခုမှာ အောင်မြင်တဲ့ဘဝတစ်ခုကို တည်ဆောက်ဖို့ အိပ်မက်ကိုယ်စီနဲ့ နယ်မြို့လေးတွေကနေထွက်ခွာလာခဲ့ကြတဲ့ အမျိုးသမီးသုံးယောက်။အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ၊ လွတ်လပ်တဲ့ဘဝနဲ့ အောင်မြင်မှုတွေကို ရှာဖွေရင်း မြို့ပြဘဝထဲ ဝင်ရောက်လာကြပေမယ့်အရာအားလုံးက သူတို့မျှော်လင့်ထားသလို လွယ်ကူမနေခဲ့ပါဘူး။အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း ချစ်ခြင်းမေတ္တာ၊ ဆက်ဆံရေးတွေနဲ့ ကိုယ်ယုံကြည်ထားတဲ့ တန်ဖိုးတွေကြားမှာခက်ခဲတဲ့ရွေးချယ်မှုတွေကို ရင်ဆိုင်လာရပါတယ်။အောင်မြင်မှုရဖို့အတွက် ဘယ်လောက်အထိ စွန့်လွှတ်ရမလဲ...။မြို့ပြဘဝနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရင်း ကိုယ့်ရဲ့မူလတန်ဖိုးနဲ့ ကိုယ်ပိုင်အမှတ်သညာကိုမပျောက်ဆုံးအောင် ထိန်းထားနိုင်ပါ့မလားဆိုတာ အားပေးကြည့်ရှုကြပါဦး။