မိသားစုအသိုင်းအဝိုင်းက မိန်းကလေးတယောက်ကို သူတို့သဘောမတူဘဲ ချစ်ကြိုက်ပြီးခိုးပြေးတာမျိုးဆို ယောက်ျားလေးဖြစ်သူကို ရက်ရက်စက်စက် ပြုမူတတ်တဲ့ ပတ်ဒီရက်ဒီ။ဘုရားကျောင်းတွေ ပေါများလှတဲ့ တီရူပတီမြို့လေးကို ကျောင်းကိစ္စနဲ့ရောက်လာခဲ့တဲ့ဗာဆူ။ဗာဆူ တီရူပတီမြို့ကို ရောက်ရောက်ချင်းနေ့မှာပဲ ပတ်ဒီရက်ဒီကလူငယ်တစ်ယောက်ကို ရိုက်နှက်ဆုံးမနေတာကို မြင်တွေ့ခဲ့ပါတယ်။ကံအကြောင်းဖန်လေတော့ တီရူပတီကိုရောက်ပြီးမကြာခင်မှာပဲ ဗာဆူချစ်မိသွားတာကပတ်ဒီရက်ဒီရဲ့သမီး မန်ဂါဖြစ်နေပါရော။ပတ်ဝန်းကျင်အသိုင်းအဝိုင်းက မိန်းကလေးတွေကိုတောင် သူတို့သဘောမပါဘဲ ချစ်ကြိုက်မိရင်ယောက်ျားလေးဖြစ်သူကို ရက်ရက်စက်စက်ရိုက်နှက်ဆုံးမတတ်တဲ့ ပတ်ဒီရက်ဒီ၊သမီးဖြစ်သူနဲ့ ချစ်ကြိုးသွယ်ပြီး မှန်တယ်ထင်ရင် ဘယ်လိုလူမျိုးကိုမှ မကြောက်တတ်တဲ့ ဗာဆူတို့ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့...။