Aval FHD

Aval

Drama FHD 2026-05-01 5.6 93 Min

ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ မာလျာလမ်ဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးချင်ပါတယ်။ ပရာဘာဟာ အကြားအာရုံချို့ယွင်းမှုကြောင့် ဆွံ့အနားမကြားဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ယောက်ျားလည်းမရှိတော့ဘဲ အရွယ်ရောက်ပြီးသား သားတစ်ယောက်ရယ်၊မိခင်အိုကြီးရယ်နဲ့ ဘဝကိုရုန်းကန်နေသူပေါ့။ ပရာဘာဟာ ပိုက်ဆံရတဲ့အလုပ်မှန်သမျှကိုလုပ်ပြီး သူ့ဘဝရဲ့အကြီးမားဆုံးရည်မှန်းချက်ကတော့ ကိုယ်ပိုင်အိမ်လေးတလုံးဆောက်ချင်တာပါ။အဲဒီတခုတည်းသောအိပ်မက်လေးဟာ နီးလာလိုက်၊ ဝေးသွားလိုက်နဲ့ ပရာဘာတယောက် လူ့အသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်ရဲ့ စိန်ခေါ်မှုတွေကို ခံနိုင်ရည်ရှိရှိနဲ့ ကျော်ဖြတ်ပြီး၊ မိမိကိုယ်တိုင်ရပ်တည်နိုင်အောင် ကြိုးစားရင်း ရင်ဆိုင်ရတဲ့ စိတ်ခံစားမှုနဲ့ ကြုံတွေ့ရမှုတွေကို ပရိသတ်တွေ မြင်တွေ့ခံစားကြရမှာပါ။