All You Need Is Love FHD

All You Need Is Love

Comedy Romance FHD 2015-09-03 6.2 103 Min

ယဲ့ဖန်ဖန် ဆိုတဲ့ မိန်းကလေးဟာ အိမ်မက်ထဲက ပင်လယ်ပြင်ကို ရှာဖွေဖို့ ဖုန်ဟူကျွန်းကို ခရီးထွက်လာခဲ့ပါတယ်။ ကျွန်းကိုရောက်ရောက်ချင်း ရေထဲပြုတ်ကျပြီးပစ္စည်းတွေပျောက်ဆုံးသွားခဲ့ပါတယ်။အဲ့ဒါကြောင့် တည်းခိုခန်းပိုင်ရှင် ဝူစီရှန်းနဲ့ ဆုံတွေ့ခဲ့ပြီး ပစ္စည်းတွေ ပြန်ရှာဖို့အတွက် သူ့ကို ကိုယ်ပိုင်ဧည့်လမ်းညွှန်အဖြစ် ငှားရမ်းခဲ့ရပါတယ်။ တစ်ဖက်မှာလည်း ဝူစီရှန်းဟာ လိမ်လည်ခံရမှုကြောင့် တည်းခိုခန်းနဲ့ မြေကွက်ကို ဆုံးရှုံးရမယ့် အန္တရာယ်နှင့် ကြုံတွေ့နေရချိန် ဖြစ်ပါတယ်။စနစ်တကျနေတတ်သူ ယဲ့ဖန်ဖန်နဲ့ လွတ်လပ်စွာနေထိုင်တတ်သူ ဝူစီရှန်းတို့အကြား ရန်ဖြစ်ရင်းမှ သံယောဇဉ် ငြိတွယ်လာကြပါတယ်။ ဝူစီရှန်းတစ်ယောက် ကြွေးမြီပြဿနာကို ဖြေရှင်းနိုင်မလား၊ ယဲ့ဖန်ဖန်ရော ဖုန်ဟူကျွန်းမှာ စစ်မှန်တဲ့ မေတ္တာတရားနဲ့ ပျော်ရွှင်မှုကို တွေ့ရှိသွားမလား ၊ ဒီလိုမတူညီတဲ့ လူနှစ်ယောက်ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရပြီး နောက်ဆုံး ဆုံဆည်းနိုင်ပါ့မလားဆိုတာကိုတော့ အခုပဲကြည့်လိုက်ရအောင်နော်။