မြို့ပြရဲ့ ကြောက်စရာကောင်းလှတဲ့ ဒဏ္ဍာရီတစ်ခုနဲ့အတူ စတင်လာတဲ့ "မာဂါမာဂါ" လို့ခေါ်တဲ့ ကလဲ့စားချေစိတ် စွဲနေတဲ့ ဝိညာဉ်ဆိုးမလေး ရှိခဲ့တယ်။ သူမရဲ့ ချစ်ခြင်းကို ရရှိသွားသူတိုင်းဟာသေခြင်းတရားနဲ့ပဲ အဆုံးသတ်ရလေ့ရှိပါတယ်။ဆာနာအဲဆိုတဲ့အမျိုးသမီးဟာ သူ့ချစ်သူကို မာဂါဆိုတဲ့ ဝိညာဉ်ဆိုးက ရက်ရက်စက်စက် သတ်ဖြတ်တယ်လို့ သိလိုက်ရတဲ့အခါ... သူမက ချစ်သူအတွက် လက်စားချေဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။မာဂါမာဂါ ဝိညာဉ်ဆိုး သရဲမကို လက်စားချေဖို့ လိုက်လံစုံစမ်းရင်းနဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ပိုမို ကြောက်စရာကောင်းပြီး မှောင်မိုက်လှတဲ့ အမှန်တရားကြီးကို ဖော်ထုတ်မိသွားတဲ့အခါ...မထင်မှတ်ထားတဲ့ ဇာတ်ရှိန် အပြောင်းအလဲတွေကို ထိတ်လန့်ဖွယ်ရာ မြင်တွေ့ရမဲ့ ဇာတ်ကားလေးမို့လို့ ညွှန်းဆိုလိုက်ပါတယ်နော် ။