The Birthday Party FHD

The Birthday Party

Drama FHD 2026-04-17 4.7 103 Min

ဒီဇာတ်ကားကတော့ Dark Comedy, Psychological Thriller နဲ့ Drama အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Miguel Angel Jimenez က ရိုက်ကူးထားပြီးသရုပ်ဆောင်တွေအဖြစ် Willem Dafoe, Joe Cole နဲ့ အခြားသရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဂရိနိုင်ငံက သီးခြားကျွန်းကြီးတစ်ကျွန်းပေါ်မှာ ဇိမ်ခံဗီလာကြီးတစ်ခု ပိုင်ဆိုင်ထားတဲ့ ရာဇဝတ်မှုတွေနဲ့ ဆက်နွှယ်နေတဲ့ အင်အားကြီး စီးပွားရေးသမားကြီးတစ်ယောက်ဟာ သူ့ရဲ့ အသက် ၅၀ပြည့် မွေးနေ့ပါတီပွဲကြီးကို ဧည့်သည်အသီးသီး ဖိတ်ခေါ်ပြီး ကြီးကျယ်ခမ်းနားစွာ ကျင်းပရာကနေ ဇာတ်လမ်းစတာပါ။ပါတီပွဲ စတင်ချိန်မှာတော့ စည်းစိမ်ဥစ္စာတွေနဲ့ ပျော်ရွှင်မှုတွေ ဖုံးလွှမ်းနေပေမဲ့ ညဉ့်နက်လာတာနဲ့အမျှ ဖိတ်ကြားခံထားရတဲ့ ဧည့်သည်တွေကြားက ဖုံးကွယ်ထားတဲ့ ရန်ငြိုးတွေ၊ မနာလိုမှုတွေနဲ့မမျှော်လင့်ထားတဲ့ လျှို့ဝှက်ချက်တွေဟာ တစ်စစ ပေါ်ထွက်လာပါတော့တယ်။ အဲဒီနောက်မှာတော့ မွေးနေ့ပါတီဟာ ပရမ်းပတာ စိတ္တဇအခန်းတွေနဲ့ သွေးထွက်သံယို ထိန်းမနိုင်သိမ်းမရ အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုအဖြစ် ပြောင်းလဲသွားရင်း ရင်တမမနဲ့ ကြည့်ရှုရမယ့်သည်းထိတ်ရင်ဖို Dark Comedy ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။