Bharat Bhhagya Viddhaata FHD

Bharat Bhhagya Viddhaata

Drama Thriller FHD 2026-06-12 5.6 127 Min

၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မွန်ဘိုင်း ၂၆/၁၁ အကြမ်းဖက်တိုက်ခိုက်မှုတုန်းက ကာမာဆေးရုံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတဲ့ ရုံတင်အက်ရှင်သည်းထိတ်ရင်ဖိုရုပ်ရှင်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ အဲဒီ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့အကြမ်းဖက်သမား ကာဆပ်ကို ပြစ်ဒဏ်ချနိုင်အောင် တရားခွင်မှာ ရဲရဲဝံ့ဝံ့ သက်သေထွက်ဆိုခဲ့တဲ့ သူနာပြု ဂီတာမာဒပ်ဂန်ဒရေးအကြောင်းကိုအဓိကပြထားတာပါ။ အဲဒီဖြစ်ရပ်မတိုင်ခင်တုန်းက မွမ်ဘိုင်း ကာမာဆေးရုံက သူနာပြုတွေရဲ့ နေ့စဉ်ဘဝ၊ ရုန်းကန်ရမှုတွေကိုတွေ့မြင်ရမှာဖြစ်ပြီး လက်နက်ကိုင်တွေ ဆေးရုံကိုဝင်စီးတုန်းကကိုယ်ဝန်ဆောင်၊ မွေးကင်းစကလေးတွေ၊ အရေးကြီးလူနာတွေ ၄၀၀ ကျော်ကို သူနာပြုတွေ၊ ဆေးရုံဝန်ထမ်းတွေက ကယ်တင်ဖို့ကြိုးစားပုံတွေ၊ ဆုံးရှုံးမှုတွေ၊အဲဒီဖြစ်ရပ်ဆိုးကြီးပြီးသွားတဲ့နောက်မှာလည်း ခြိမ်းခြောက်မှုတွေကြားက တရားမျှတမှုရရှိဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာ ရင်တထိတ်ထိတ်ဖြစ်အောင် မြင်တွေ့ခံစားကြရမှာပါ။