House IV FHD

House IV

Comedy Horror Thriller FHD 1992-01-21 4.675 94 Min

ဒီဇာတ်ကားမှာတော့ ဇာတ်လမ်းကို ပထမဆုံးဇာတ်ကားထဲက ဇာတ်ကောင် ရော့်ဂျ်နဲ့ပြန်ပြီးစတင်ထားပါတယ်။ သူဟာ အခုချိန်မှာ ဇနီးဖြစ်သူ ကယ်လီ၊ သမီးလေးလော်ရယ်တို့နဲ့မိသားစုဘ၀ကိုပျော်ရွှင်စွာထူထောင်ထားပါတယ်။ ဖခင်ဖြစ်သူဆုံးပါးသွားပြီးတဲ့နောက်မှာ ရော့ချ်ဟာ သူတို့ရဲ့ဘိုးဘေးပိုင်ရှေးဟောင်းအိမ်ကြီးကိုမကြာခဏသွားလည်လေ့ရှိပြီးတစ်ရက် မိသားစုလိုက်အပြန်ခရီးမှာဂျော့ချ်တစ်ယောက် မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပြီးလော်ရယ်ဟာလည်း ဘီးတပ်ကုလားထိုင်ပေါ်ရောက်သွားခဲ့ရပါတယ်။အဲ့ဒီနောက်ပိုင်းတော့ ဂျော့ချ်နဲ့ ဒီအိမ်ကြီးရဲ့သံယောဇဉ်ကိုသိတဲ့ ကယ်လီဟာ ဒီအိမ်ကြီးမှာပဲ သမီးလေးနဲ့အတူပြန်အခြေချဖို့ဆုံးဖြတ်လိုက်ပါတယ်။ တစ်စတစ်စနဲ့ အိမ်ကြီးကခြောက်လှန့်မှုတွေစတင်ပြီး ကယ်လီ့ကို ဇာတိတွေစပြလာသလို ရော့ဂျ်ရဲ့မယားပါအစ်ကို ဘာ့ခ်ကလည်းဒီအိမ်ကြီးကို ပြန်ရောင်းဖို့ ဖြစ်တဲ့နည်းနဲ့သိမ်းပိုက်ဖို့ကြိုးစားပြီးသရုပ်မှန်တွေပေါ်လာပါတော့တယ်။ အားကိုးရာမဲ့နေတဲ့ ကယ်လီတို့သားအမိအတွက် ကယ်တင်ရှင်ဘယ်မှာလဲ? ဒီအိမ်ကြီးကရော သူ့ကို ဘယ်လိုကူညီကယ်ဆယ်ပေးမလဲ?ဘာ့ခ်ကရော ဒီအိမ်ကိုရဖို့အတွက်ဘယ်လောက်အထိယုတ်မာဖို့ဆုံးဖြတ်ထားလဲ အစရှိတာတွေကိုဆက်လက်ရှုစားရမှာပါ။ပထမဆုံးဇာတ်ကားနဲ့ပဲ တိုက်ရိုက်ချိတ်ဆက်ထားပြီး အဲ့ဒီဇာတ်ကားပုံစံ ဟော်ရာကို ဟာသနှောထားတဲ့ပုံစံမျိုးဖြစ်လို့ ဝေဖန်သူတွေရော ပရိသတ်တွေပါ အကြိုက်တွေ့ခဲ့ကြပါတယ်။