Men & Chicken FHD

Men & Chicken

Comedy Drama FHD 2015-02-05 6.512 104 Min

"ဂေဘရီရယ် "နဲ့ "အီလိုင်းယပ်စ်"တိုက စရိုက်ချင်းမတူဘဲ တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး သူတိုနှစ်​ယောက်လုံးမှာ နှုတ်ခမ်းကွဲတဲ့ ရုပ်ပိုင်းဆိုင်ရာ ချိုယွင်းချက် ရှိကြပါတယ်တစ်နေ့မှာ သူတိုရဲ့ အ​ဖေလို ထင်ထားတဲ့သူ ကွယ်လွန်သွားပြီး ဗီဒီယိုဖိုင်တစ်ခု ချန်ထားခဲ့ပါတယ် အဲဒီဗီဒီယိုထဲမှာ သူတိုနှစ်​ယောက်က မွေးစားသားတွေဖြစ်ပြီး သူတိုရဲ့ တကယ့်အဖေရင်းကတော့ အသက် ၁၀၀ နီးပါးရှိနေပြီဖြစ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ သိပ္ပံပညာရှင်ကြီး အီလီဗီယို သာနာတိုစ် ဖြစ်ပြီး အခုလက်ရှိမှာတော့ ကျွန်းတစ်ကျွန်းပေါ်မှာ နေထိုင်နေကြောင်းသိလိုက်ရပါတယ်သူတိုနှစ်ယောက် အ​ဖေရင်းကို ရှာဖွေဖို အဲဒီကျွန်းကို ရောက်သွားတဲ့အခါမှာတော့ အပြုအမူထူးဆန်းတဲ့ အခြားအဖေတူ ညီအစ်ကိုသုံးယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်သူတိုအားလုံးမှာလည်း နှုတ်ခမ်းကွဲတာအပြင် တစ်ယောက်တစ်မျိုးစီ ထူးဆန်းတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ချိုယွင်းချက်တွေ ရှိနေကြပါသေးတယ်အိမ်ကြီးရဲ့ မြေအောက်ခန်းထဲမှာ သူတိုအ​ဖေ လုပ်ဆောင်ခဲ့တဲ့ လျှိဝှက်ဓာတ်ခွဲခန်းတစ်ခု ရှိနေတာကို ဂေဘရီရယ် တစ်ယောက် ရှာဖွေတွေ့ရှိသွားချိန်မှာတော့ ထိတ်လန့်စရာ အမှန်တရားပေါ်ထွက်လာပါတော့တယ်မိသားစုရဲ့ လျှိဝှက်ချက်တွေကို တဖြည်းဖြည်း ဖော်ထုတ်လာရင်း ထိတ်လန့်စရာအမှန်တရားက ဘာများဖြစ်မလဲ...နောက်ဆုံးမှာတော့ သူတိုညီအစ်ကိုတွေက သူတိုရဲ့ အတိတ်နဲ့ အမှန်တရားကို လက်ခံနိုင်ပါ့မလားဆိုတာ...ထူးထူးခြားခြား Dark Comedy ကြည့်ချင်သူတွေအတွက် " Men & Chicken " ဆိုတဲ့ ဒိန်းမတ်ရုပ်ရှင်လေးကို ညွှန်းပေးလိုက်ပါတယ်