Konco-Konco Edan FHD

Konco-Konco Edan

Comedy Horror Adventure FHD 2024-12-05 5.7 85 Min

Konco-Konco Edan ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဂန္ဓဝင်ဟာသအဖွဲ့Warkop DKI နဲ့ရုပ်ချင်းဆင်လို့နာမည်ကြီးလာကြတဲ့ Trio Makuboyz အဖွဲ့ရဲ့ပွဲဦးထွက်ဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့သူတို့အဖွဲ့ကို ရတနာဆိုင်ပိုင်ရှင် ဂွကျကျ စစ်ပြန်အဘိုးကြီး ကာတိုလိုရဲ့မြေးနဲ့သူငယ်ချင်းတွေအဖြစ်တွေ့မြင်ကြရမှာပါ။သူတို့ကိုစစ်တပ်ထဲမှာလိုတင်းတင်းကျပ်ကျပ်အုပ်ချုပ်ပြီး ကပ်စေးလည်းနည်းတဲ့အဘိုးကြီးက တစ်နေ့တော့အပန်းဖြေခရီးထွက်ဖို့ဆိုပြီး သူတို့အားလုံးကိုခေါ်လာပါတယ်။ပထမဆုံးနေရာကိုရောက်တဲ့နေ့မှာပဲ အဘိုးကြီးဟာနှလုံးရပ်သေဆုံးသွားခဲ့ပြီး မသေခင်မှာ သေတမ်းစာ နှစ်စောင်ကိုမြေးဖြစ်သူ မာမက်ဆီကိုပေးခဲ့ပါတယ်။ ပထမ သေတမ်းစာအရသူတို့အဖွဲ့ဟာ အဘိုးကြီးရဲ့ငယ်ချစ်ဦး ဘီယာ့ဆိုတဲ့ အမျိုးသမီးဆီကို အရောက်ပို့ပေးရမှာဖြစ်ပြီး အဲ့ဒီကိုရောက်ရင် သူတို့တာဝန်ကျေပြီဖြစ်တဲ့အတွက်ပထမသေတမ်းစာကိုပယ်ဖျက်ပြီး အမွေအားလုံးကို သူတို့အဖွဲ့က ရမှာဖြစ်ပါတယ်။ အဲ့ဒါနဲ့ပဲသူတို့အဖွဲ့ဟာ အငှားကားပိုင်ရှင် မိန်းမလှလေးကီးနဲ့အတူ အဘိုးကြီးရဲ့အလောင်းကိုတင်ပြီးသူ့ငယ်ချစ်ဦးဆီ အရောက်ပို့ဖို့အခက်အခဲပေါင်းစုံကြားက ခရီးနှင်ကြပါတော့တယ်။ ဒါပေမယ့်လည်း လမ်းကြုံလိုက်ချင်တဲ့ အမျိုးသမီးသရဲ၊ လမ်းပြကောင်မလေးနဲ့ဆက်စပ်နေတဲ့ ဒုစရိုက်သမားတွေရဲ့အနှောင့်အယှက်တွေနဲ့အလွဲလွဲအချော်ချော်ပြဿနာတွေကြားက ခရီးဆုံးကိုအချိန်မှီရောက်နိုင်ပါ့မလား? သူတို့မျှော်မှန်းတဲ့ အမွေတွေကရော တကယ်ရနိုင်ပါ့မလား? အဘိုးကြီးရဲ့ အချစ်ဦးဆိုတဲ့ အမျိုးသမီးကရော သူတို့သွားလိုရာမှာရှိနေပါ့မလား? ဆက်လက်ရှုစားကြပါ။